ကျောင်းသား ဘ၀မှာ အ-ထ-က ( ၁ ) ရေနံချောင်းမှာ ပညာဆည်းပူးခဲ့ပါတယ်။
အဲဒီ့ ကျောင်းမှာ ဗိုလ်ချုပ် ကျောင်းသားဘ၀က ရေးခဲ့တဲ့ ဗလာစာအုပ်လေးကို သမိုင်းဝင်မှတ်တမ်းအနေနဲ့ သိမ်းဆည်းပြသလာတာ နှစ်ပေါင်း ကြာခဲ့ပြီဖြစ်ပြီး ဗိုလ်ချုပ်ရဲ့ လက်ရေးစာမူ စာအုပ်လေး သက်တမ်း က နှစ် ၈၀ ရှိပြီ။
နှစ်စဉ် အာဇာနည်နေ့ ရောက်တိုင်းမှာ ရေနံချောင်းက အဆိုပါ အထက်တန်းကျောင်းသားတွေနဲ့ ဗိုလ်ချုပ် ကို ချစ်ခင်လေးစားသူတိုင်းက အဲဒီစာအုပ်လေးကို အမှတ်တရ ကြည့်ခဲ့ကြတာပါတယ်တဲ့။
ဒါပေမယ့် ဒီလောက်နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ သမိုင်းဝင်စာအုပ်ကို ယခု လက်ရှိ ကျောင်းအုပ် ဆရာမကြီးနဲ့ ပညာရေးမှူး ဆိုသူတို့က သူတို့ သဘောနဲ့ သူတို့ အစိုးရဆီကို လွဲအပ်လိုက်တယ်လို့ မြို့ခံတွေ က ပြောနေကြပါတယ်။
မြို့ခံ လူထုသဘောထားမပါ၊ တက်ရောက်ဆည်းပူးခဲ့တဲ့ ကျောင်းသားအားလုံးရဲ့သဘောထား မပါဘဲနဲ့ ဗိုလ်ချုပ် ရဲ့သမိုင်းဝင်စာအုပ်ကို ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။
သမိုင်းဝင်လည်းဖြစ် ဘယ်တော့မှ အစားပြန် မရနိုင်တဲ့ ပစ္စည်းကို အဲဒီလို အလွဲသုံးစား လုပ်ခဲ့တာအတွက် မြို့ခံ လူထုက ပြင်းထန်စွာ ရှုတ်ချနေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရေနံချောင်းက ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ယခု အမေရိကန်
ရောက် ဦးမောင်မောင်ဝမ်းက ဧရာဝတီကို အခုလိုပြောထားပါတယ်။
“ရေနံချောင်းတမြို့လုံး ညီညီညွတ်ညွတ်နဲ့ ဆန့်ကျင့်ပါ.....။ တစ်မြို့လုံး ဆန္ဒပြ တောင်းဆိုပြီး စာအုပ် ပြန် ရ အောင် လုပ်စေချင်တယ်။ မြန်မာနိုင်ငံက မီဒီယာများကိုလည်း သိစေချင်ပါတယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက် တဲ့ အစအနအားလုံး ဖျောက်ဖျက်ဘို့ ကြိုးစားနေတာလားဆိုတာ သံသယရှိတယ် အားလုံးကာကွယ်ကြပါ” လို့ သူက ပြောပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment