၈၈ နဲ့ ကျောင်းသားသမဂ္ဂတွေ လမ်းခုလတ်မှာပဲ လွမ်းသူ့ပန်းခွေချခဲ့ရ

Saturday, July 20, 2013

၈၈ မျိုးဆက်တွေနဲ့ ကျာင်းသားသမဂ္ဂတွေဟာ ယမန်နေ့က ရန်ကုန်က အာဇာနည်ဗိမာန်ကို သွားရောက် ချီတက်အလေးပြုကြရာမှာ လမ်းခုလတ်မှာပဲ အာဇာနည်ကြီးတွေကို ရည်စူးပြီး လွမ်းသူ့ပန်းခွေချကာ အလေးပြုခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများက ဆိုပါတယ်။


လမ်းခုလတ်မှာပဲ လွမ်းသူပန်းခွေချခဲ့ရ၊ ဓာတ်ပုံ- ၈၈ မျိုးဆက်

အာဇာနည်ဗိမာန်အတွင်းသို့ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းတွေ ယူဆောင်ခွင့် ပိတ်ပင်ထားတဲ့အတွက် အခုလို လမ်းခုလတ်မှာပဲ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြရတာပါ။ 

 





ယမန်နေ့က ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ နေ့လယ် ၂ နာရီက ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင်လင်းလူ့အဖွဲ့အစည်း) က  ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ဦးဆောင်ပြီး ၈၈ မျိုးဆက်တွေ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီဝင်တွေ၊ ကျောင်းသားသမဂ္ဂတွေ
ဖြစ်တဲ့ ဗ.က.သ၊ တ.က.သ၊ မ.က.သ အဖွဲ့ဝင်ကျောင်းသားတွေစုပေါင်းပြီး ရွှေဂုံတိုင် ယုဇန ဟိုတယ်ရှေ့က စတင်ပြီး အာဇာနည်ဗိမာန်ကို သွားရောက် ချီတက်အလေးပြုကြတာပါ။ 




  




















အိမ့်သံစဉ် ~

1 comments :

  1. hstm9999 said... :

    လမ်း ခွတ်လတ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved