သာယာဝတီထောင်ရောက် ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်

Tuesday, July 9, 2013

  
 ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်ကို နိုင်ကျဉ်းအဖြစ် အသိအမှတ် မပြုဘူး၊ ဒါကြောင့် အစိုးရက လွှတ်ပေးမယ်မဟုတ်ပါ တဲ့။

သူ့ကို ဦးသန်းရွှေတို့စစ်အစိုးရက ထောင်ထဲ ထည့်ထားတာပါ။
ဗိုလ်ချုပ်တွေ သူတို့ရဲ့ မဟာမိတ် မြောက်ကိုရီးယားဆီ သွားတဲ့ခရီးစဉ် ဓာတ်ပုံတွေ အင်တာနက်မှာ ပေါက်ကြားစေမှုနဲ့ သေဒဏ် ပေးခံရတဲ့ ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော် ဖြစ်ပါတယ်။

သူနဲ့ သူ့အမှုတွဲတွေ လွတ်ငြိမ်းချမ်းသာခွင့် မပေးရတဲ့အကြောင်းရင်းကလည်း အစိုးရဆီမှာ ခိုင်ခိုင်မာမာ ရှိနေပါတယ် တဲ့။

သူက အစိုးရရဲ့ ခိုးကြောင်ခိုးဝှက်အမှုတချို့ကို ဖွင့်ချခဲ့သူပါ။ ဒါကြောင့် အခု ပေါ်ပြူလာဖြစ်နေတဲ့ ဝီကီလိဆရာ ဂျူလီယန် အဆန့်၊ အမေရိကန်က အမှုန့်ကြိတ်ချင်နေတဲ့ ထောက်လှမ်းရေးဟောင်း စနိုးဒင်တို့နဲ့  တူတယ်လို့လည်း ပြောနိုင်ပါတယ်။

သို့သော်လည်း သူ့အမှုက ငပွကြီးတို့ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့တာ မဟုတ်ဘဲ နေပြည်တော်ရဲ့ လျှို့ဝှက်ခရီးစဉ်ကို ဖော်ထုတ်ခဲ့တာ ဖြစ်လို့ ကမ္ဘာကျော်အမှု မဟုတ်ခဲ့ပါဘူး။
 ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော် အကြောင်း မရီရီထွန်း/Yee Yee Htun ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသား စုစည်းထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

---------------------------------------------------------

သေဒဏ်ချမှတ်ခံထားရတဲ့ ဗိုလ်မူးဟောင်း-၀င်းနိုင်ကျော် ကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိမှတ်မပြု။


အခု ၂၀၁၃-ခုနှစ် ဇူလိုင်လမှာ ကျောင်းသား၊ ဘုရားသား၊ တပ်မတော်သား -ဆိုတဲ့ သား-သုံး-သားထဲက တပ်မတော်သားကောင်း ဗိုလ်မူးဟောင်း ၀င်းနိုင်ကျော် ဖမ်းဆီးခံရခြင်း ၄-နှစ်ပြည့်ပါပြီ။ ဘယ်လိုနောက်ခံပဲရှိရှိ လူတစ်ယောက်ဟာ
တိုင်းပြည်အတွက် အန္တရာယ်ရှိလာမှာကို ပြည်သူကို အသိပေးလို့ အဖမ်းခံရတာဆိုရင် ဒီလိုလူဟာ ပြည်သူ့ ဘက်တော်သားပါပဲ။

အရင် စစ်အစိုးရလက်ထက်တုန်းက ဗိုလ်ချုပ်ကြီးရွှေမန်း (ယခုပြည့်သူလွှတ်တော် ဥက္ကဌ ဦးရွှေမန်း) ၂၀၀၈-ခုနှစ်မှာ မြောက်ကိုရီးယားနဲ့ တရုတ်ကို လက်နက်ဝယ်ဖို့  သွားရောက်ခဲ့တဲ့ လျှို့ ဝှက် ခရီးစဉ်တွေက ဓါတ်ပုံတွေ ပေါက်ကြားအောင် ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်မူးဟောင်း ၀င်းနိုင်ကျော်ကို စစ်အစိုးရက ၂၀၀၉-ခုနှစ် ဇူလိုင်လ ၉-ရက်နေ့ မှာ ပြည်ပခရီးစဉ်ကအပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဒီနေ့ ဆို ၄-နှစ်တိတိရှိပါပြီ။ သူ့ ကို ၂၀၁၀-ခုနှစ် ဇန်န၀ါရီလ ၈-ရက်နေ့ မှာ စစ်အစိုးရက သေဒဏ်ချမှတ်ခဲ့ပါတယ်။ အခု ဦးဝင်းနိုင်ကျော်ဟာ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီ ဥက္ကဌလဲဖြစ်၊ ပြည်ထောင်စု ၀န်ကြီးလဲဖြစ်တဲ့ ဦးစိုးသိန်းက နိုင်ငံတော်လျှို့ ဝှက်သတင်းပေါက်ကြားမူနဲ့ အကျဉ်းကျခံရသူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းပါဝင်ခွင့်မပြုဘူးလို့  ပြောထားတာကြောင့် ဦးဝင်းနိုင်ကျော်ကိုလဲ နိုင်ငံရေးအကျဉ်းသားအဖြစ်လက်ခံမှာ မဟုတ်ဘူးလို့  အဲ့ဒီကော်မတီက တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

၁။(မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ ၂၊ အမှတ် ၁၇မှ သတင်းပုံကို အောက်တွင်ကြည့်ရူနိုင်ပါတယ်။)
https://www.facebook.com/photo.php?fbid=541159139276460&set=a.177513802307664.45588.100001471364923&type=1


ဦးဝင်နိုင်ကျော်ဟာ လေယာဉ်ပျက်ကျသေဆုံးခဲ့တဲ့ န၀တ အတွင်းရေးမူး ၂ ဗိုလ်ချုပ် တင်ဦးရဲ့ ကိုယ်ရေးအတွင်းဝန်အဖြစ်လဲ တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ဒါအပြင့် အမျိုးသားစီမံကိန်း ၀န်ကြီးဌာနရဲ့  နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ဒါရိုက်တာ-ရာထူးကို တာဝန်ယူဖူးသူလဲဖြစ်ပါတယ်။ ၂၀၀၄-၂၀၀၅ ခုနှစ်ဝန်းကျင်မှာ အစိုးရ၀န်ထမ်းဘ၀-ကနေ အနားယူပြီးတဲ့နောက်မှာ ယူအန်-အေဂျင်စီတစ်ခုမှာ တာဝန်ထမ်းဆောင်နေစဉ် ပြည်ပခရီးစဉ်တစ်ခုက အပြန် အဖမ်းခံခဲ့ရတာပါ။ သူနဲ့ အတူ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်လက်ရှိ ကိုသူရကျော်ကိုလဲ သေဒဏ်ချမှတ်ခဲ့ပြီး၊ ဖိုးတရုတ်-အင်တာနက်စာမျက်နှာတွေကို ရေးသားသူလို့ စွပ်စွဲခံရတဲ့ ကိုဗျံစိန်ကိုလဲ ထောင်ဒဏ် ၁၅-နှစ်ချမှတ်ခဲ့ပါတယ်။

၂။ http://www.aappb.org/bio_pdf/Win_Naing_Kyaw_15_Feb_2012.pdf
http://www.dvb.no/uncategorized/death-sentence-for-burmese-whistleblowers/2860

၃။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံတူ ခဲပန်းချီကားကိုလဲ သာယာဝတီအကျဉ်းထောင်ထဲမှာ ရေးဆွဲခဲ့တယ်လို့  သိရပါတယ်။ အဲ့ပုံတူကို ဖေ့ဘုတ်ပေါ်မှာ မိတ်ဆွေတစ်ယောက်က တင်ထားတာကို ကူးယူထားတာပါ။

၎။ ဗိုလ်မှူးဟောင်း ဦးဝင်းနိုင်ကျော်မိသားစုတွေကို ၂၀၁၂-ခုနှစ် ဧပြီလ ၁-ရက်နေ့ တုန်းက Political Prisoner နိုင်ငံရေးအကျဉ်းသားများအဖွဲ့ က သွားရောက်အားပေးခဲ့စဉ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved