သခင့်အတွက် ရဲလက်ချက်နဲ့ သေဆုံးရတဲ့ ခွေးကလေး

Tuesday, July 9, 2013

သခင်ကိုကာကွယ်ရင်း အသက်ပေးလိုက်ရတဲ့ ခွေးကလေး ရဲ့ယူကျုပေါ်က အချိန်တိုအတွင်း လူကြည့် အများဆုံး ဗီဒီယိုပါ။
ဖြစ်စဉ်က... 
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားမှာ ရဲတပ်ဖွဲ့က နေအိမ်တခုကို စောင့်ကြပ်စစ်ဆေးမှုလုပ်နေစဉ် မှာ လူတဦးဟာ သူ့ရဲ့ ခွေးနဲ့အတူ အဆိုပါ ရဲတွေရဲ့ လှုပ်ရှားမှုကို ဗီဒီယို မှတ်တမ်း ရိုက်ကူးနေခဲ့ပါတယ်။ 


အဲဒီလို ရိုက်ကူးမှုကြောင့် အမေရိကန် ရဲတွေက သခင်ဖြစ်သူကို တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ဖမ်းဆီး လိုက်ပါတယ်။ 

ရဲတွေက သူ့ကို မဖမ်းခင်မှာ သူ့ခွေးကို ကားတွင်းကို ပြန်ပို့ထားခဲ့ပါတယ်။ ဒီအချိန်မှာ ရဲတွေဖမ်းသွားတဲ့ သူ့ သခင်အတွက် ခွေးကလေးက ကားထဲက ရုန်းထွက်လာပြီး သခင်ကို အကာအကွယ်ပေးဖို့ ကြိုးစားခဲ့တယ်။ 

ဒါပေမယ့် ရဲတွေက သူတို့ကိုယ်သူတို့ကာကွယ်တဲ့ အနေနဲ့ အဆိုပါ သခင်ကို ကာကွယ်ပေးဖို့ ကြိုးစား တဲ့ ခွေးကလေးကို သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။ 

သနားစဖွယ်သေဆုံးသွားခဲ့ရတဲ့ သစ္စာရှိ ခွေးကလေး ရဲ့ ဖြစ်အင်ကို ဇွန်လ ၃၀ ရက်နေ့က Youtube ပေါ် တင်ခဲ့ရာမှာ တော့ အချိန်တိုအတွင်း ကြည့်ရှု့ ၅ သန်းနီးပါး ရှိနေပြီဖြစ်ပြီး ကြည့်သူအများဆုံးဖြစ်နေပါ တယ်။ 




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved