ဘင်လာဒင်လို့ သူ့ကိုယ်သူ မညွှန်းခဲ့ကြောင်း ဦးဝီရသူ မိန့်ကြား

Monday, July 8, 2013



နိုင်ငံတကာ သတင်းတွေမှာ ဦးဝီရသူကို ဘင်လာဒင်လို့ သုံးနှုန်း ဖော်ပြမှုတွေ ရှိနေပါတယ်။
ဒါဟာ ဦးဝီရသူကိုယ်တိုင် သူ့ကိုယ်သူ ဘင်လာဒင်လို့ ညွှန်းဆိုခဲ့တဲ့အတွက်ကြောင့်ပါ တဲ့။

ဦးဝီရသူရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ။
မေလထုတ် မော်ကွန်း မဂဇင်း အင်တာဗျူးမှာ ဦးဝီရသူ မိန့်ကြားထားတာကတော့ ...  နားလည်မှု လွဲသွားတာ ဖြစ်တယ်၊
ဘင်လာဒင်လို့ သူ့ကိုယ်သူ မညွှန်းခဲ့ပါဘူး တဲ့။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖြေကြားထားတာကို အပြည့်အစုံ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ဦးဇင်းကို Facebook မှာ သုံးနေကြတဲ့ (ခေါ်ဝေါ်သမုတ်ထားတဲ့) စကားတွေကို ပြန်ပြောပြတာပါ။
ဦးဇင်းကို နာမည်တွေ အမျိုးမျိုး ပေးကြတယ်။ ဥပမာ - ဘားမိစ်ဘင်လာဒင် (Burmese Bin Laden) လို့ ပြောတယ်။ မြန်မာအိုစမာ လို့ ပြောတယ်။
နီယိုနာဇီ (Neo-Nazi) လို့ ပြောတယ်။ နာဇီကတုံး လို့လည်း ပြောတယ်။ စုံနေတာပဲ။
အဲဒီလို အမျိုးမျိုး နာမည်ပေးကြတယ် ဆိုတဲ့အကြောင်း ပြောတာကို သူတို့ (Reuters) က နားလည်မှု လွဲသွားတာ ဖြစ်ပါတယ်။

မူရင်း အင်တာဗျူး အစ အဆုံးကို ကူးယူ ဖော်ပြလိုက်ပါတယ်။ စာမျက်နှာ ၃ မျက်နှာ ရှိပါတယ်။

စာမျက်နှာ ၁

စာမျက်နှာ ၂

စာမျက်နှာ ၃



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved