သရုပ်ဖော်ပုံ ရေးဆွဲချင်တဲ့ မင်းကိုနိုင်

Monday, July 8, 2013

စုသဲမွန်ရဲ့ ထွေးပိုက်အိပ်မက်နှင်းဆီ စာအုပ် မျက်နှာဖုံး သရုပ်ဖော်ပုံကို ရေးဆွဲသူမှာ မင်းကိုနိုင်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ စာအုပ်အကြောင်း ရေးသူဖတ်သူ ဆွေးနွေးပွဲကို မင်းကိုနိုင် တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

မင်းကိုနိုင်က စုသဲမွန်ရဲ့ ၀တ္ထုတစ်ပုဒ်ရဲ့အပိုင်းအစကို ထောင်ထဲမှာ ရှိစဉ် အချိန်အခါက ခိုးဖတ်မိခဲ့ပြီး မြန်မာစာပေလောကကို စိန်ခေါ်မယ့်သူတစ်ဦး အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
မျက်နှာဖုံးပန်းချီနဲ့ ပတ်သက်ပြီး မင်းကိုနိုင်က ပုံက နည်းနည်းလွဲနေကြောင်း၊ အမှန်တကယ်မှာ မိမိဆွဲခဲ့တဲ့ ပန်းချီကားက ဒီပုံစံမဟုတ်ဘဲ .... ၄၅ ဒီဂရီ စောင်းနေကြောင်း
ရေးဆွဲတဲ့ဒီဇိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာ ထွေးပွေ့တာကို မြင်ချင်ကြောင်း၊ မိမိ ငတ်မွတ်တဲ့ပုံကို ရေးဆွဲထားတာဖြစ်ကြောင်း
ဒီလိုစာအုပ်မျိုးမှာ သရုပ်ဖော်ရေးဆွဲခွင့်ရတဲ့အတွက် ၀မ်းသာကြောင်း၊ အလုပ်အပ်ရင် ပျော်ပျော်ကြီးလက်ခံမှာဖြစ်ပြီး စာရေးဆရာစစ်စစ်က အခုလို တရင်းတနှီးလာပြီး အကူအညီတောင်းရင် ဆွဲပေးပါရစေလို့ ဆိုချင်ကြောင်း ပြောကြားခဲ့တယ် လို့
ဇူလိုင် ၈ ရက်စွဲတပ် အလင်းတန်းဂျာနယ်မှာ သတင်းတပုဒ်မှာ ရေးထားပါတယ်။
ထွေးပိုက်အိပ်မက်နှင်းဆီ စာအုပ်အဖုံး သရုပ်ဖော်ပုံမှာ M K Naing လို့ လက်မှတ်ထိုးထားတာ တွေ့ရပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved