၉၆၉ အတွက် အင်တာနက် စာမျက်နှာ လုပ်ထားပေးတယ်

Tuesday, July 9, 2013



၉၆၉ လှုပ်ရှားမှု လို့ အမည်ပေးထားတဲ့  အင်တာနက် စာမျက်နှာ တခု ဒီရက်ပိုင်းအတွင်း ပေါ်ပေါက်လာပါပြီ။
လိပ်စာက ... https://969movement.org

"ဒီဝက်ဆိုက်ဟာ အရှင်ဝိရသူ၊ ၉၆၉ လှုပ်ရှားမှု သို့တည်းမဟုတ် မြန်မာအစိုးရတို့နဲ့ တရားဝင် အဆက်အသွယ် မရှိပါဘူး" လို့ ဇွန် ၂၉ ရက်စွဲတပ် ကြေညာချက်မှာ ဆိုထားပါတယ်။
သို့သော်လည်း ဒီဝက်ဆိုက် ပြုပြင် ထိန်းသိမ်းခွင့်ကို ၉၆၉ လှုပ်ရှားမှုကို ကိုယ်စားပြုသူများလက်ထဲ ထည့်ပေးလိုပါတယ် တဲ့။
ဆက်သွယ်ရမယ့် အီးမေးလိပ်စာကိုလည်း အဲဒီမှာ ဖော်ပြထားပါတယ်။
သူ(တို့)ဘယ်သူဖြစ်တယ် ဆိုတာကိုတော့ လုံးဝ ဖော်ပြမထားပါ။

အိုင်တီခေတ်၊ အင်တာနက်ခေတ်မှာ လှုပ်ရှားမှုများအတွက် အင်တာနက်လိပ်စာတွေ ရှိနေတတ်ပါတယ်။

ကိုယ့်အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ၊ မှတ်တမ်းတွေကို
အင်တာနက်မှာ ထားရှိခြင်းအားဖြင့်  မြန်မာပြည်တွင်းသာမက နိုင်ငံတကာရောက် မြန်မာပြည်သားတွေ ပိုမို သတိပြုမိလာမှာပါ။
အထက်ဖော်ပြပါ ၉၆၉ လှုပ်ရှားမှု ဝက်ဆိုက်မှာ လောလောဆယ်တော့ အင်္ဂလိပ်ဘာသာနဲ့ပဲ ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

ဆက်စပ် အင်တာဗျူး ~

ဦးဇင်းကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာ
http://blog.irrawaddy.org/2013/06/blog-post_8715.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved