အမျိုးသားတွေကတော့ လူပျိုစစ်စစ် ဖြစ်ဖို့ မလိုတာ ဘာကြောင့်လဲ

Sunday, July 28, 2013


 "အမျိုးသမီးတွေက ဘုရားစေတီတွေကို သွားခွင့်ရှိတယ်၊ ဒါပေမယ့် ဘုရား ပရ၀ုဏ်ထဲက တချို့နေရာတွေကို သွားခွင့် မရကြဘူး။
ဘုရား ပရ၀ုဏ်အတွင်း လူတွေထိုင်နိုင်တဲ့ အုတ်တံတိုင်း ဓာတ်ပုံကို မြင်ဖူးတယ်၊ အဲဒီမှာ ဆိုင်းဘုတ်နီကြီးနဲ့ ရေးထားတယ် ... အမျိုးသမီး မထိုင်ရ လို့။ ဒါပေမယ့် အုတ်တံတိုင်းပေါ်မှာ ခွေးတကောင် အိပ်နေတယ်။ ဒီတော့ အမျိုးသမီးတွေဟာ ခွေးလောက်မှ တန်ဖိုး မရှိတော့ဘူးလား"


 မထားထား (ဓာတ်ပုံ - SAMANTHA MICHAELS / THE IRRAWADDY)


ဒီအကြောင်း နဲ့ အမျိုးသမီးရေးရာတွေကို ပြောထားတာကတော့ ဧရာဝတီ ပင်မ စာမျက်နှာက အင်တာဗျူးတခုမှာ ဖြစ်ပါတယ်။

ဖြေဆိုတဲ့သူက အခရာ အမျိုးသမီးအဖွဲ့က မထားထား ဖြစ်ပါတယ်။

အင်တာဗျူး ခေါင်းစဉ်က Why Don’t Men Need to Be Virgins? - အမျိုးသားတွေ လူပျိုရည်မပျက်ဖို့ မလိုတာ ဘာကြောင့်လဲ - ဖြစ်ပါတယ်။

မသိစိတ်ကရော သိစိတ်ကပါ ဟန့်တားတာတွေကို လေ့လာခြင်း၊ ဆွေးနွေးခြင်းတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရန်ကုန်မြို့ ဘတ်စ်ကားပေါ်မှာ စော်ကား လက်သရမ်းမှုများ တိုက်ဖျက်ရေး စတာတွေကို ဒီအင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ပြောထားတာ ဖတ်ရမှာပါ။

လင့်က http://www.irrawaddy.org/archives/40824 ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved