ရှစ်လေးလုံး ငွေရတုအတွက် ဘာတွေ ဘယ်လို ပြင်ဆင်နေလဲ

Monday, July 29, 2013

သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ အားလုံးပါဝင်နိုင်အောင်စီစဉ်နေတဲ့ ရှစ်လေးလုံး ငွေရတု အခမ်း အနားအတွက် ရံပုံငွေနဲ့ လှုံ့ဆော်ရေးအတွက် စီမံထားတဲ့ တီရှပ်နဲ့ ပို့စ်ကတ်တွေကို နိုင်ငံကျော် အနုပညာ ရှင်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေက ကူညီရောင်းချပေးသွား မှာဖြစ်ပါတယ်။


သြဂုတ်လ ၃ ရက်နေ့မှာ မြေနီကုန်းက စိတ်တိုင်းကျ လက်ဘက်ရည်ဆိုင်ရယ်၊ သြဂုတ်လ ၄ ရက်နေ့ မှာ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွေမှာ ရုပ်ရှင်သရုပ်ဆောင်တွေက ကူညီရောင်းချပေးသွားမှာလို့ ကျင်းပရေး ကော်မတီက နှိုးဆော်အသိပေးထားပါတယ်။ 

အဆိုပါ ကော်မတီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ရှစ်လေးလုံး ငွေရတုကျင်းပရေးအတွက် ရံပုံငွေ ရရှိထားမှုတွေကိုလည်း အသိပေးထားပါတယ်။ 

ဇူလိုင်လ ၂၇ ရက်နေ့ထိ ရရှိထားတဲ့ ရံပုံငွေပေါင်း က မြန်မာကျပ်ငွေ သိန်း ၅၀၀ နီးပါး၊ စင်ကာပူ ဒေါ်လာ ၁၂၂၀ နဲ့ အမေရိကန် ဒေါ်လာ ၁၃၀၀ တို့လက်ခံရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 


ရှစ်လေးလုံး ငွေရတုမှာ ပန်းချီကားချပ်တွေကိုလည်း ဈေးပြိုင်စနစ်နဲ့ ရောင်းချပေးသွားဖို့ အစီအစဉ် ရှိပါတယ်။ 

ဒီအပြင်  နိုင်ငံတကာရောက် ရှစ်လေးလုံး မျိုးဆက်တွေ ငွေရတု အခမ်းအနား လာတက်ဖို့ ဗီဇာ အခက် အခဲ ဖြစ်နေသူတွေကိုလည်း ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး အကူအညီပေးသွားဖို့ ကတိရထားတာဖြစ်လို့ ကူညီဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။ 

ရှစ်လေးလုံး ငွေရတု အခမ်းအနားကျင်းပမယ့် ၃ ရက်တာမှာ အတိတ်က သင်ခန်းစာတွေအပေါ် အနာဂတ် 
မြန်မာနိုင်ငံအတွက် အကောင်းဆုံး ပုံဖော်ဆွေးနွေးမှုတွေလည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးဆောင် စီစဉ်နေသူတွေက ပြောကြပါတယ်။


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved