ဒီနေ့ လွှတ်တော်မှာ ဘာကြောင့် ရုပ်ရှင်ပြမယ် ထင်လဲ

Wednesday, July 31, 2013

သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် နာယက ရာထူးလွှဲယူသည့် အထိမ်းအမှတ် လွှတ်တော်တွင် ရုပ်ရှင်ပြပါမယ်။ 


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အခမ်းအနားဖြင့် လွှဲယူ မှာဖြစ်ပြီး ရာထူးလွှဲယူသည့် အထိမ်းအမှတ်အနေနဲ့ လွှတ်တော်တွင် ရုပ်ရှင်ပြသမယ်လို့ သိရပါတယ်။

လွှတ်တော် နာယက ရာထူး လွှဲယူသည့်အခမ်းအနားကို ဇူလိုင် ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် စတင် ကျင်းပမှာဖြစ်ပြီး အထိမ်းအမှတ်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို နေ့လယ်စာနဲ့ တည်ခင်း ဧည့်ခံမှာဖြစ်သလို အဲဒီနောက် သဘင်ဆောင်မှာ မြန်မာရုပ်ရှင်ဇတ်ကား ပြသ မှာဖြစ်တယ်လို့ သိရပါ တယ်။ 

"ပြမယ့် ဇတ်ကားက ကြယ်စင်မော်ကွန်းဆိုလား ဘာလား ဖိတ်စာထဲမှာ ရေးထားတယ်။ ကျနော်တော့ သွားမကြည့်တော့ပါဘူး"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။ 

3 comments :

  1. Anonymous said... :

    ရွှေမန်းကဗုဒ္ဓဟူးသားဆိုတော့...ဗုဒ္ဓဟူးနေ့မှာ..ရုပ်ပိုင်းဆိုင်၇ာဆက်လက်ရှင်သန်အောင်...ရုပ်ရှင်ပြတာပါ..ဗေဒင်ဆ၇ာကယတျာပေးတဲ့အတိုင်းလုပ်၇တာပါ...

  1. Anonymous said... :

    သန်လျင် GTC ကားများလားလို့

  1. Anonymous said... :

    ရေကူးဝတ်စုံနဲ့ပေါင်ဖြူမေလးတွေပါတဲ့ရုပ်ရှင်ကားပြမယ်ထင်ပါတယ်။ ဘာပြုလို့လဲဆိုတော့ဦးရွှေမန်းကေပါင်ဖြူမေလးတွေကိုကြိုက်နှစ်သက်တယ်လို့ကြားဘူးပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved