လာမည့် စက်တင်ဘာလလောက်မှာ အခု ရုပ်/သံမှာ မြင်ရမယ့် ပလပ်စတစ်ကာဗာနဲ့ iPhone နဲ့ iPhone 5S တွေ ပေါ် ထွက် လာဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
iPhone 4/ 4S/5 တွေရဲ့ ကာဗာတွေဟာ မာကျောပြီး ခံနိုင်ရည် အတော်ရှိတဲ့ သတ္တုစပ် တွေသုံးထားသလို မျက်နှာပြင် တွေကလည်း ခံနိုင်ရည်ရှိအောင်ဖန်တီးထားတာဖြစ်ပါတယ်။
တန်ဘိုးအားဖြင့်လည်း အမေရိကန်ဒေါ်လာ အနည်းဆုံး ၇၀၀ ရှိကြပြီး Memory မြင့်ရင် မြင့်သလို ဈေးက လည်း မြင့်ပါတယ်။ အခု တန်ဘိုးနည်း iPhone ဟာ ကာဗာကို ပလပ်စတစ်အကောင်းစားတမျိုးနဲ့ ပေါ်ထွက် မယ်လို့ အခုလို ခန့်မှန်းတင်ပြထားတာကို ရှုစားကြည့်ပါ။
ဒီဗီဒီယိုကြည့်ပြီး တချို့ကလည်း Apple က နောက်ထုတ်မယ့် အစီအစဉ်ကို ဒီဗီဒီယိုနဲ့ အရင် မိတ်ဆက် စမ်း သပ်လိုက်တာဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေ ရှိသလို ဒါဟာ 2G အဆင့်ကို နောက်ပြန်ဆွဲသွားတာလို့
မေးခွန်းထုတ်တာတွေလည်း တွေ့ရပါတယ်။
တချို့ကတော့လည်း Apple ရဲ့ ထွက်ကုန်တွေဟာ သိပ်ဈေးကြီးတာကြောင့် အခုလို အကောင်းစား ပလပ်စတစ်ကာဗာနဲ့ တန်ဘိုးနည်း နည်းပညာ အမြင့်နဲ့ အသစ်ထုတ်လုပ်မယ်ဆိုရင် လူတိုင်းအတွက် လက်လှမ်းမီတဲ့ iPhone ဖြစ်လာမယ်လို့ ပြောတာတွေလည်း ရှိပါတယ်။
အိမ့်သံစဉ် ~

0 comments :
Post a Comment