SSA တောင်ပိုင်းကို အမေရိကန် စောင့်ကြည့်နေ

Wednesday, July 3, 2013


မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်က ရှမ်းပြည် တပ်မတော် (SSA)   တောင်ပိုင်းရဲ့ ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်နဲ့   မကြာသေးခင်က တွေ့ဆုံရာမှာ
မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး SSA တောင်ပိုင်းကို သူတို့ စောင့်ကြည့်နေတယ်လို့ ပြောလိုက်ကြောင်း သိရပါတယ်။

အမေရိကန် အစိုးရက နိုင်ငံတကာ မူးယစ်ဆေး ထုတ်လုပ်မှု အခြေအနေကို မပြတ် လေ့လာနေတာပါ။

၂ဝဝ၆ ခုနှစ်မှာတော့ ... ရှမ်းပြည်နယ်အတွင်း အခြေစိုက် လှုပ်ရှားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း မူးယစ်ဆေး ထုတ်လုပ်တဲ့ စက်ရုံများ ရှိနေကြောင်း အမေရိကန်အစိုးရရဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီတုန်းက  ... “ရွှေတြိဂံမှာ ဘိန်း ရောက်နေတာ ကြာလှပါပြီ။ ရှမ်းပြည်နယ်မှာ SSA ကို ရှမ်းပြည်သူတွေနဲ့ ထူထောင်ထားတာပါ။ ဒါကြောင့် တချို့တွေက တစိတ်တပိုင်း ပတ်သက်မှု ရှိနိုင်တာပေါ့” လို့ SSA တောင်ပိုင်း ခေါင်းဆောင်က ပြောဆိုခဲ့ဖူးပါတယ်။

“Opium has been in the Golden Triangle for a long time. In Shan State the SSA is formed by the Shan people,  so may be, partially, some people will be involved”

အခုတော့ SSA တောင်ပိုင်းရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)ရဲ့ လုပ်ငန်းစဉ်များထဲမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလည်း ပါဝင်ပါတယ်။

အစိုးရရော သူပုန်အဖွဲ့များပါ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်နေပေမယ့် ရှမ်းပြည်နယ်မှာ၊ ရွှေတြိဂံဒေသမှာ စိတ်ကြွဆေး အလွယ်တကူ ဝယ်လို့ရတဲ့နေရာ အများအပြား ရှိနေတာပါ။
ရှမ်းပြည်နယ်အတွင်း စိတ်ကြွဆေးဟာ အရောင်းသွက် မူးယစ်ဆေး ဖြစ်နေပြီး တလုံးကို ကျပ် တထောင် ဝန်းကျင်ကနေ သုံးထောင်ကျော်အထိ  ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved