ကာ/ချုပ်က သေနတ်ပစ်ပြိုင်ပွဲဝင်မယ့်သူတွေကို အားပေး

Thursday, August 22, 2013

ကို မေမြို့မှာ ကျင်းပမယ့် ၂၃ ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ မှာ ပြိုင်ပွဲဝင်ကြမယ့် မြန်မာ့တပ်မတော် သေနတ်ပစ်အဖွဲ့သားတွေကို တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ( ကာ/ချုပ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားပေးစကား ပြောကြားခဲ့ပါတယ်။

 ပြိုင်ပွဲဝင်မယ့် သေနတ်တွေကို ကြည့်နေတဲ့ ကာ/ချုပ်၊ ဓာတ်ပုံ- ကြေးမုံ

အာဆီယံနိုင်ငံတွေ အားလုံးပါဝင်တဲ့ သေနတ်ပစ်ပြိုင်ပွဲမှာ ကိုယ့်အမျိုးသား သီချင်းနဲ့အတူ နိုင်ငံတော် အလံလွှင့်ထူပြီး ဂါရပြုခြင်းနဲ့ကိုယ့်နိုင်ငံ သိက္ခာကို မြှင့်တင်ရမှာဖြစ်ကြောင်းနဲ့ ပြိုင်ပွဲမှာ အစ၊ အလယ်၊ အဆုံး ကြိုးစားသွားကြဖို့ မြန်မာ့တပ်မတော်က သေနတ်ပစ် ပြိုင်ပွဲဝင်မယ့် သူတွေကို ပြောသွားတဲ့ အကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။  

အာဆီယံနိုင်ငံတွင်းမှာ တိုက်ခိုက်မှုတွေ လေ့ကျင့်ခန်းတွေနဲ့ စဉ်ဆက်မပြတ်ရှိနေတဲ့ မြန်မာ့တပ်မတော် အနေနဲ့ ပြိုင်ပွဲမှာ ပစ်ခတ်မှု စွမ်းရည်တွေဟာ အခြား အာဆီယံနိုင်ငံတွေထက် ပိုမှာပါ။ 




အိမ့်သံစဉ် ~ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved