ကင်တားနား မိတ္ထီလာမှာ ကြောက်စိတ်ဝင်ခဲ့

Thursday, August 22, 2013

မြန်မာနိုင်ငံကို ၁၁ ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေ ကင်တားနားကတော့ မနေ့က လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ကာ ပြန်သွားပါပြီ။ 

ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ကင်တားနား (ဓာတ်ပုံ - ဧရာဝတီ)


သတင်းစာရှင်းလင်းပွဲမှာ  ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မိတ္ထီလာ အ၀င်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဆန္ဒပြမှုအတွင်း သူ ကြုံတွေ့ရတာကို ထောက်ပြပြီး မြန်မာ အစိုးရပိုင်းက သူ့လို ကုလသံတမန်တဦးအပေါ်အကာအကွယ်  ပေးဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့သဘော သူ ပြောသွားပါတယ်။

ခရီးစဉ်အတွင်း သြဂုတ်လ ၁၉ ရက်နေ့ ညက မိတ္ထီလာမြို့ အ၀င်မှာ သူတို့ ယာဉ်တန်းကို လူ ၂၀၀ လောက် လူအုပ်ကြီး က ၀ိုင်းထားပြီး ကားတွေကို ကန်ကြောက်ပြီး ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့လည်း အော်ကြတော့ သူ့အနေနဲ့ ကြောက် စိတ် တောင် ၀င်ခဲ့ရပါတယ်တဲ့။ အနီးအနားမှာ ရဲတွေက ရှိပေမယ့် ဘာမှ ကာကွယ်ဟန့်တားတာလည်း မရှိဘူး လို့ သူက ပြောသွားပါသေးတယ်။ 

ဒီလို ကြုံတွေလိုက်ရတာကြောင့် နဂိုက သွားဖို့ စီစဉ်ထားတဲ့ မိတ္ထီလာမြိုမှာ ရှိတဲ့ လူ ၁၆၀၀ လောက်ရှိတဲ့ မွတ်စလင် ဒုက္ခ သည် စခန်းကို မသွားဖြစ်ခဲ့တော့ပါဘူးတဲ့။

အနားမှာရှိတဲ့ရဲတွေရဲ့ အကာအကွယ်ပေးမှုမရလို့ ကြောက်စိတ်ဝင်လာတယ်၊ ပြီးခဲ့တဲ့ မတ်လ အကြမ်းဖက်မှုမှာ ရဲတွေ ရှိနေပါလျက်နဲ့ လူအုပ်ကြီးတွေက အရပ်သားတွေနောက်လိုက်ပြီး ရိုက်နှက် မီးရှို့လို့ ၄၃ ယောက်လောက် သေဆုံးသွားရတဲ့ ဖြစ်ရပ်မှာ ဒေသခံတွေလည်း
ကျနော်ခံစားရသလိုမျိုး ခံစားကြရပါလိမ့်မယ်လို့ ဆိုပါတယ်။
အကြမ်းဖက်တဲ့လူအုပ်ကိုထိန်းချုပ်ဖို့၊ ရပ်ကွက်ထဲ အဓိကရုဏ်းတွေ မဖြစ်ဖို့ ချက်ချင်း အရေးယူဆောင်ရွက်ရေးဟာ အစိုးရရဲ့တာဝန်ဖြစ်တယ်၊ ဘယ်ဘာသာ ဘယ်လူမျိုးကိုပဲဖြစ်ဖြစ် ပြည်သူအားလုံးကို အကာအကွယ်ပေးရမယ် စသဖြင့် မိတ္ထီလာမှာပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုကာလအတွင်း သူတို့ လုပ်ခဲ့ပုံ မရတာတွေကို ကျနော်  ထောက်ပြရမှာပဲလို့ သူက ဆိုပါတယ်။

On my way to the township administrative office in Meiktila, at around 10.30pm on 19 August, my car was descended upon by a crowd of around 200 people who proceeded to punch and kick the windows and doors of the car while shouting abuse. 

Due to these serious security concerns, I had to abandon my proposed visit to an IDP camp containing around 1,600 Muslims who had been displaced following the March violence; a visit which had been planned well in advance. 
  
The fear that I felt during this incident, being left totally unprotected by the nearby police, gave me an insight into the fear residents would have felt when being chased down by violent mobs during the violence last March as police allegedly stood by as angry mobs beat, stabbed and burned to death some 43 people. 

I must highlight the obligation of the Government to act immediately to control violent mobs, running riot in communities, and protect all people regardless of their religion or ethnicity; something it seems they have not done during the violence in Meiktila. 

The Government also has an obligation to hold to account those who have failed to carry out this duty. 

လေဆိပ်သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စကို သူက အဓိကထားပြောသွားပြီး သူကိုယ်တိုင် တော်တော် ကြောက်စိတ်ဝင်ခဲ့ တာကို အလေးထားပြောသွားတာ ဆိုတော့ မြန်မာနိုင်ငံရဲ့ သံတမန် ဆက်ဆံရေး အားနည်းချက်ဟာ ထင်ရှားပြီး လာမယ့် အောက်တိုဘာ အစီရင်ခံစာနဲ့ အပြီးသတ် အစီရင်ခံစာတွေအတွက် အခြေအနေသိပ်ဟန်တော့မယ့် ပုံမပေါ်ပါဘူး။

မိတ္တီလာမှာ ကင်တားနားကို ကန့်ကွက်ဆန္ဒပြသူတချို့ကတော့ သူ့ကို အိတ်ဖွင့်ပေးစာ ပေးရုံသာဖြစ်တယ် လို့ ပြောကြပါတယ်။
 ဆက်စပ် -
မိတ္ထီလာတွင် ကင်တားနားကို ဆန္ဒပြမှု ၈၈ မျိုးဆက်အဖွဲ့ သဘောထား မပါဟု ဆို
http://burma.irrawaddy.org/archives/46817

အိမ့်သံစဉ် ~ 

3 comments :

  1. Anonymous said... :

    I think the translation is wrong.

  1. Anonymous said... :

    ကင်တားနား အပိုတွေလျှောက်ပြောနေတာပါ ၊ ဒီလိုကောင်မျိုး သမာသမတ်မကျတဲ.ကောင်တွေ ဟာဒီလိုပါပဲ ၊ ဘယ်သူကိုမှလည်းမကြောက်ဖူး ဘာဖြစ်ဖြစ်လည်းဂရုမစိုက်ဖူး ၊ မြန်မာနိင်ငံ နဲ. ဗုဒ္ဓဘာသာကို ဟိုအရင်ကလို စော်ကား အနိင်ကျင်.လို.ရမယ်ထင်နေတာ ၊ ထင်ထားသလို ဖြစ်မလာတော. ဂမူးရူးတိုး တွေလိုက်ပြောနေပြီလေ ။

  1. NWAY-AYE said... :

    This guy should change his one eye open attitude. UN should change someone with non Buddhist, non Muslim to handle this sensitive issue.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved