နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄၀ ကျော်ထိ ရှိလာ

Monday, August 19, 2013

မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၁၉၈၈ မှ ၂၀၁၃ ခုနှစ် ဇူလိုင်လကုန် အထိ အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၉၅ ဘီလီယံအထိ ရှိလာတယ်လို့ သိရပါတယ်။ 

 ဟံသာဝတီ လေဆိပ် ပုံစံငယ်

တရုတ်နိုင်ငံ က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၈၈ ဘီလီယံဖြင့် ရင်းနှီး
မြှုပ်နှံမှု ပမာဏရဲ့ ၃၃ ဒသမ ၀၄ ရာခိုင်နှုန်း ရှိကာ ဦးဆောင်နေပြီး၊ ဒုတိယမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး ရင်းနှီး
မြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၉၇၉ ဘီလီယံ ဖြစ်ကြောင်းနဲ့ ဟောင်ကောင်က ၆ ဒသမ ၄၀၄ ဘီလီယံ ၊ ဗြိတိန် က ၃ ဒသမ ၀၄၅ ဘီလီယံ ၊ တောင်ကိုရီးယားက ၃ ဒသမ ၀၁၈ ဘီလီယံ ၊ စင်ကာပူက ၂ ဒသမ ၃၅၈ ဘီလီယံ ၊ မလေးရှားက ၁ ဒသမ ၀၃၄ ဘီလီယံ တို့ဖြစ်တယ်လို့ ဆင်ဟွာ သတင်းတခုက ဆိုပါ တယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံခြားကလာရောက်တဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးကတော့  လျှပ်စစ် စွမ်း အင်၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့၊ ဓာတ်သတ္တု ရှာဖွေရေး၊ စက်မှု ထွက်ကုန်၊ အိမ်ခြံမြေ၊ ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါဟာ ပွင့်လင်းစ ပြုလာတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏတွေ တိုးမြင့်လာကို တွေ့ရ မှာ  ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ လပိုင်းတွေကပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အကြိမ်ကြိမ် ညှိနှိုင်းပြီးနောက်ပိုင်းမှာ  အတည်ပြုခဲ့ပြီးပါပြီ။  



.


1 comments :

  1. Norman said... :

    I can invest CAN dollar 40 too!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved