တေးရေး၊ တေးဆို မျိုးမြင့်လေး ကွယ်လွန်

Monday, August 19, 2013

တေးရေး တေးဆို မျိုးမြင့်လေး (အသက် -၇၄ နှစ် ) ဟာ သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ နေအိမ်မှာ ကင်ဆာရောဂါ နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ 



အဆိုတော် မျိုးမြင့်လေးရဲ့ မေတ္တာဖြန်းမှ လုံခြုံမယ်ဆိုတဲ့သီချင်းကတော့ နံနက်ခင်းတိုင်း မေတ္တာ တံခါးကို ဖွင့်လှစ်လေ့ရှိတဲ့ ကျက်သရေ ကိုဆောင်တဲ့ သီချင်း ဖြစ်ပါတယ်။ 

အဆိုတော်၊ တေးရေး မျိုးမြင့်လေးဟာ နတ်သျှင်နောင်၊ နေကာမျက်မှန်၊ နှင်းမှုံမြို့တော်၊ မေတ္တာ ပုလဲပန်း၊ 
ဈေးချိုသူ စတဲ့ သီချင်းတွေနဲ့လည်း လူသိများပါတယ်။

အဆိုတော် မျိုးမြင့်လေး အမှတ်တရအနေနဲ့ ငယ်ချစ်ဟောင်းနဲ့ စောင်းအိုရှင်ဆိုတဲ့ ခေတ်ဟောင်း သီချင်းလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။

  

အဆိုတော် မျိုးမြင့်လေးဟာ ဂန္တ၀င်သီချင်းမျိုးတွေနဲ့ လူကြိုက်များသလို အခုလို ခေတ်နဲ့ အညီလည်း သီဆို နိုင်စွမ်း ပြသထားပါတယ်။ 



အိမ့်သံစဉ် ~ 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved