လက်ပံတောင်းဒေသ၊ လူမှုလုပ်ငန်း ကန် ဒေါ်လာ ၁ သန်း သုံးမယ်

Sunday, August 4, 2013

လက်ပံတောင်းတောင် စီမံကိန်း ဒေသ လူမှုရေး လုပ်ငန်းတွေမှာ အမေရိကန် ဒေါ်လာ ၁ သန်း အသုံးပြု မှာဖြစ်တယ်လို့ လက်ပံတောင်း အစီရင်ခံစာ အကောင်အထည်ဖော်ရေး အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးလှထွန်းကပြောလိုက်ပါတယ်။ 

 လက်ပံတောင်း သပိတ်စခန်း ဖြိုခွဲစဉ်က မီးလောင်ဒဏ်ရာရ သံဃာတော်တပါး၊ ဓာတ်ပုံ- ဧရာဝတီ

သြဂုတ်လ ၂ ရက်နေ့က မုံရွာမြို့၊ ၀င်း ယူနီတီ ဟိုတယ်မှာ လက်ပံတောင်းကြေးနီစီမံကိန်း အစီရင်ခံစာ အပေါ် အကောင်အထည်ဖော်ရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးမှာ ၀န်ကြီးဦးလှထွန်းက အထက်ပါ အတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ၄ လ ကာလအတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ၊ စာချုပ်အသစ်နဲ့ပတ် သက်တာတွေ၊ စီမံကိန်း ဒေသအတွင်း တရားဥပဒေ စိုးမိုးရေး ကိစ္စ၊ မြေယာလျော်ကြေး ကိစ္စ စတာတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး သပိတ်ကို ယမန်နှစ်က လုံခြုံရေး တပ်ဖွဲတွေက အကြမ်းဖက် ဖြိုခွဲတာနဲ့ပတ်သက်လို့တော့ ဆွေးနွေးမှု ရှိတယ်၊ မရှိဘူးတော့ သတင်းစာဖော်ပြချက်မှာ မတွေ့ရပါဘူး။




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved