ကျောက်ဆည်မြို့ရဲ့ ရှစ်လေးလုံး နှစ်ပတ်လည်

Sunday, August 18, 2013


မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ကြုံတွေ့ခဲ့ရတဲ့ ရှစ်လေးလုံးကာလ ငွေရတုနှစ်ပတ်လည်အခမ်းအနားကို မင်းကုန်းစာသင်တိုက်မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ရန်ကုန်မြို့မှာလူထုလှုပ်ရှားမှုတွေ သြဂုတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဖြိုခွင်းခံခဲ့ရသလို ကျောက်ဆည်မှာတော့ လူထုလှုပ်ရှားမှုဟာ သြဂုတ်လ ၁၉ ရက်နေ့မှာ အလုံးအရင်းနဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ကျောက်ဆည်မြို့မှာဖြစ်ခဲ့တဲ့ လူထုလှုပ်ရှားမှုရဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ ရှစ်လေးလုံးကာလတုန်းက ဖြန့်ချီခဲ့တဲ့စာစောင်တွေ၊ လူထုလှုပ်ရှားမှုကြောင့် အကျဉ်းကျခံခဲ့ရသူတွေ ၀တ်စားခဲ့ရတဲ့ အ၀တ်အစားတွေကို ခင်းကျင်း ပြသခဲ့ပြီး၊ လှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို ကျောက်ဆည်သားတဦးဖြစ်တဲ့ ကိုသံခဲ (ABSDF) လည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ကျောက်ဆည်လူထုလှုပ်ရှားမှုမှာ ကျောင်းသားသမဂ္ဂအလံကိုကိုင်၍ ရှေ့ဆုံးမှ ချီတက်ခဲ့သူ ဒေါ်လှတင့်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved