ဖောင်တော်ဦး ဘုရားနှင့် မိတ္ထီလာမြို့အလှ၊ ဓာတ်ပုံ- ကျနော်ချစ်သော မိတ္ထီလာ ဖေ့စ်ဘုတ်
ဒါပေမယ့် ဒီနှစ် ဖောင်တော်ဦး ဘုရားပွဲကျင်းပတဲ့အခါ လှေပြိုင်ပွဲမှာ နှစ်ပေါင်းများစွာ ရိုးရာမပျက် ထိမ်း သိမ်းလာခဲ့တဲ့အစဉ်အလာကို ဖျက်ပြီး ဖိုက်ဘာ လှေနဲ့ လှေပြိုင်ပွဲ ကျင်းပတော့မယ်လို့ ဒီကနေ့ ထုတ် ကြေးမုံ သတင်းစာ သတင်းတပုဒ်မှာ ဖော်ပြလာပါတယ်။
အကြောင်းပြချက်ကတော့ ယခင် လောင်းလှေကြီးတွေဟာ ဟောင်းနွမ်းဆွေး မြေ့ နေပြီဖြစ်လို့ အခုလို ပေါ့ပါးတဲ့ ဖိုက်ဘာလှေတွေ ၀ယ်ယူပြီး လှေပြိုင်ပွဲ ကျင်းပပေးမှာ ဖြစ်တယ်လို့ ဖောင်တော်ဦး ဂေါပက က ဆိုထားပါတယ်။
ဒီလို ဖိုက်ဘာလှေတွေနဲ့ မိတ္ထီလာမြို့က ဖောင်တော်ဦး လှေပြိုင်ပွဲ ကျင်းပတော့မှာဆိုတော့ ရိုးရာ ပျက်ပြီ လို့ ဆိုရတော့မှာပါ။
တချိန်ကလည်း ပုဂံရှေးဟောင်း ဘုရားတွေ မြေငလျင်ဒဏ်နဲ့ ပြိုကျပျက်စီးခဲ့စဉ်က ရှေးဟောင်း အမွေအနှစ် ထိမ်းသိမ်းမှု တန်ဘိုးကို နားမလည်ခဲ့တဲ့ သူတချို့ လက်ချက်နဲ့ ပုဂံဘုရားတွေကို ပြင်ဆင် မွမ်းမံလိုက်တာ မှာ ရှေးမူပျက်ပြီး တန်ဘိုးကျစေခဲ့တာ သတိရကြမယ် ထင်ပါတယ်။
ထိမ်းသိမ်းသင့်တဲ့ သမိုင်းအမွေအနှစ်ကို မထိမ်းသိမ်းတတ်ခြင်းဟာ ပျက်စီးခြင်းရဲ့ အဓိက အကြောင်းတရား ပါ။
လင်းသန့် ~
0 comments :
Post a Comment