တပ်ပိုင်မြေ ဧက ၄ သောင်းနီးပါး စွန့်လွှတ်

Sunday, August 25, 2013

မြန်မာနိုင်ငံမှာ တပ်ပိုင်မြေဆိုတဲ့ ဆိုင်းဘုတ် တွေကို မြင်ဖူးကြမှာပါ။ တပ်ပိုင်မြေဆိုတာ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိတယ်ဆိုတာ အများပြည်သူအနေနဲ့ အတိအကျ မသိနိုင်ပါဘူး။ 

 တပ်ပိုင်မြေ သတ်မှတ်ထားသည့် နေရာတခု ၊ ဓာတ်ပုံ- ဧရာဝတီ

ဒါပေမယ့် တပ်ပိုင်မြေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးကြရာမှာ အခုတော့ တပ်ပိုင်မြေတွေထဲက ဧက ၃ သောင်း ၇ ထောင် ကျော်ကို ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။ 
  
လွှတ်တော်ကို တင်ပြလာတဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ တိုင်စာ ၆၅၅ စောင်ထဲက  ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က တိုင်စာ ၆၀၁ စောင်ကို စိစစ်ပြီး အခုလို တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ မြေ ဧရိယာတွေထဲက ဧကပေါင်း ၃၇၅၄၆.၉၆ ကို ပြန်လည် စွန့်လွှတ်သွားမှာဖြစ်တယ်လို့ ယမန်နေ့က ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ကချင်၊ ကယား၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးစတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိနေတဲ့ တပ်ပိုင်မြေတွေထဲက အခုလို ဧက ၄ သောင်း နီးပါးကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီအပြင် နောက်ထပ်လည်း တပ်ပိုင်မြေတွေထဲက စိစစ်ပြီး ထပ်မံ စွန့်လွှတ်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved