နိုင်ငံသား ဖြစ်မှသာ နိုင်ငံရေးပါတီထောင်ခွင့်ပြုရေး

Tuesday, August 27, 2013

နအဖ စစ်အစိုးရ လက်ထက် က ထုတ်ပြန်ထားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အခုတော့ ပြင်ဆင်ဖို့ မူကြမ်း ထွက်ပေါ်လာပါပြီ။


၂ဝ၁၂ စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီအများအပြား တွေ့ဆုံမှု မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

  နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင် ဥပဒေမှာ အမည်၊ အဘအမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင် တွေနဲ့ အတူ “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူ ဖြစ်ခြင်း” ဆိုတဲ့ စကားရပ်တိုင်းမှာ "နိုင်ငံသားဖြစ်ခြင်း" ဆိုတဲ့ စကားရပ် ကို အစား ထိုး ဖြည့်သွင်းထားတာကို ယနေ့ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာမှာ အများပြည်သူ လေ့လာနိုင်ဖို့ ဥပဒေမူကြမ်း အဖြစ် ဖော်ပြထားပါတယ်။ 


ယခင် စစ်အစိုးရလက်ထက်က နိုင်ငံသားမဖြစ်ဘဲ ဧည့်နိုင်ငံသားတွေ၊ ယာယီသက်သေခံခွင့် လက်မှတ်ကိုင်ထားသူတွေက နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရခဲ့ကြတာပါ။ မူကြမ်းကို အတည်ပြုပြီးရင်တော့  မြန်မာနိုင်ငံမှာ နိုင်ငံသား ဖြစ်သူမှသာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ရကြတော့မှာဖြစ်ပါတယ်။ 

ယခင် ဥပဒေအရ နိုင်ငံသားမဖြစ်ဘဲ နိုင်ငံရေးပါတီထူထောင်ထားတာတွေမှာ ဘယ်လောက် ရှိခဲ့လဲ ဆိုတာ မေးခွန်း ထုတ်စရာပါ။







အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved