ပြည်တွင်းဘဏ်တွေရဲ့ နိုင်ငံခြားငွေဈေးကွက်ကို ခွင့်ပြုလိုက်ပါပြီ

Wednesday, August 7, 2013

 ပုဂ္ဂလိကဘဏ်တွေ အချင်းချင်း  နိုင်ငံခြားငွေ ရောင်းဝယ်နိုင်တဲ့ဈေးကွက်ကို တနင်္လာနေ့မှာ ခွင့်ပြုလိုက်ပါပြီ။
ဘဏ္ဍာရေးနယ်ပယ်ရဲ့ နောက်ဆုံးပေါ် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ 


နိုင်ငံခြားဘဏ်တွေက လည်ပတ်ခွင့် မရသေးတဲ့  မြန်မာပြည်မှာ  ဘဏ်စနစ်က ဖွံ့ဖြိုးမှု အကန့်အသတ် ရှိနေမှာဖြစ်ပြီး အခု ဖွင့်ပေးလိုက်တဲ့ နိုင်ငံခြားငွေ ရောင်းဝယ်နိုင်တဲ့ဈေးကွက်ကလည်း အကန့်အသတ်နဲ့ ရှိနေပါလိမ့်မယ်။

ဗဟိုဘဏ်အရာရှိတဦးကတော့ ဒီ ဈေးကွက်ခြေလှမ်းသစ်ကို "ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုအတွက် အရေးပါတဲ့ခြေလှမ်း" လို့ ဆိုပါတယ်။

ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဈေးကွက် ပေါ်ပေါက်လာခြင်းကို ကြိုဆိုကြောင်း ပြောပါတယ်။

မူရင်းသတင်း အပြည့်အစုံကို ဧရာဝတီ ပင်မစာမျက်နှာ http://www.irrawaddy.org/archives/41402 မှာ ဖတ်နိုင်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved