ယနေ့ ရှစ်လေးလုံး ငွေရတုပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်

Thursday, August 8, 2013

ယခုနှစ် ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံ ၂၅ နှစ်ပြည့်ချိန် ငွေရတု အထိမ်း အမှတ်ပွဲ နောက်ဆုံးနေ့ ယနေ့ သြဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာမှာဖြစ်ပါတယ်။ 


သြဂုတ်လ ၆ ရက်နေ့မှ ယနေ့ သြဂုတ်လ ၈ ရက်နေ့ထိ ၃ ရက်တာ ကျင်းပတဲ့  ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာကွန်ဗန်းရှင်း စင်တာမှာ ကျင်းပနေတာပါ။ 

ပထမ သြဂုတ်လ ၆ ရက်၊ ၇ ရက်နေ့တွေမှာတော့  ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် လွှတ်တော် အစည်းအဝေးများ တက်ရောက်နေတဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ 

အခုဒီကနေ့ နေ့လယ်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကနေ လေကြောင်းနဲ့ ရန်ကုန် ကို ပြန်လာပြီး ရှစ်လေးလုံး ငွေရတု အခမ်းအနား တက်ရောက်မှာဖြစ်တယ်လို့ ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီဝင်တဦးက အတည်ပြု ပြောပါတယ်။ 




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved