ရှစ်လေးလုံး ၂၅ နှစ်မြောက် နဲ့ တွန်းတိုက်ကြသူများ

Friday, August 2, 2013

.
ရှစ်လေးလုံး လှုပ်ရှားမှု ၂၅ နှစ်ပြည့်မှာ တွေ့ရမယ့် ပန်းချီပြပွဲတခုအကြောင်း ပန်းချီဝါသနာရှင်များ ၊ ပန်းချီကားစုဆောင်းလိုသူများ သိရအောင် လက်တို့ချင်ပါတယ်။


“တွန်းတိုက်ကြသူများ” လို့ အမည်ပေးထားတဲ့  ပန်းချီမောင်မောင်စောရဲ့တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်-ပြည်လမ်းရှိ ဂျက်ဆင်ဟောလ်မှာ လာမယ့် ၈ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။

ပန်းချီမောင်မောင်စောက သူ့ပြပွဲတင်ကားတွေအကြောင်း အခုလို ရှင်းပြပါတယ် ...

“မြန်မာ့နိုင်ငံရေး အရွေ့တခုကို ပုံဖော်ပေးနိုင်ခဲ့ကြတဲ့  အဓိကဇာတ်ကောင်တွေကို ရေးဆွဲထားတာပါ၊
၈လေးလုံးအရေးတော်ပုံမှာ ကျဆုံးခဲ့ရတဲ့ မ၀င်းမော်ဦးက ဒီမိုကရေစီရမှ အမျှဝေပါလို့ ပြောခဲ့တယ်။
အခုကျနော်တို့ အမျှဝေလို့ရပြီလားဆိုတာကိုလည်း တွေးကြည့်စေချင်လို့ မ၀င်းမော်ဦး ကျဆုံးချိန်ကားလေးကိုလည်း ရေးဆွဲဖြစ်ခဲ့တယ်”


၁၉၉၄ခုနှစ်ကစလို့ အစုလိုက်ပန်းချီပြပွဲတွေမှာ ပါဝင်ပြသခဲ့တဲ့ ပန်းချီမောင်မောင်စောအတွက် ၂၀၀၃ ခုနှစ်မှာ တကိုယ်တော်ပြပွဲ တကြိမ်ပြသခဲ့ပြီးနောက် ယခုပြပွဲဟာ ဒုတိယမ္ပိ တကိုယ်တော်ပြပွဲဖြစ်ပါတယ်။

 ပန်းချီကားတွေကို ခရိုင်းလစ် ၊ ရေဆေးတို့နဲ့ ရေးဆွဲထားတာဖြစ်ပြီး ပန်းချီကားပေါင်း (၁၀၀) ကျော် ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

မင်းနိုင်သူ




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved