ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနား စတင်

Tuesday, August 6, 2013

ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ မနက် ၉ နာရီမှာရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ၊ MCC ခန်းမတွင် စတင်ကျင်းပပါတော့မယ်။ ဧည့်သည်တော် အသီးသီးလည်း ရောက်လာကြပြီး တက်
ရောက် မည့်သူ စုစုပေါင်း ၄၀၀၀ ကျော် ၅၀၀၀ ထောင်ခန့် ရှိမယ်လို့ ခန့်မှန်းတယ်လို့ သိရပါတယ်။

 အခမ်းအနား စတင်ချိန်မြင်ကွင်း၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်

ယနေ့ နံနက်ပိုင်း စောစောကတည်းက ၈၈ မှာ ပါဝင်လှုပ်ရှားခဲ့သူတွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ၊ 
ကျောင်းသားလူငယ်တွေ၊ ဖိတ်ကြားထားသူတွေ တဖွဲဖွဲ ရောက်လာနေကြပြီး အခမ်းအနား တက်ရောက် 
ကြောင်း လက်မှတ်တွေရေးထိုးကြပါတယ်။ 

ဒီကနေ့ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော် လွှတ်တော် တက်ရောက်နေရတဲ့အတွက် တက်ရောက်လာနိုင်မှာ မဟုတ်ဘူးလို့ သိရပါ တယ်။ 

သြဂုတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းလောက်မှသာ ရန်ကုန်ကို ပြန်ရောက်လာပြီး သြဂုတ် ၈ ရက်နေ့ 
နောက်ဆုံးနေ့အဖြစ် ကျင်းပမယ့် ရှစ်လေးလုံး ငွေရတု အခမ်းအနားကို တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရှစ်လေးလုံး ငွေရတု အခမ်းအနားမှာ ၈၈ ကာလ ဖြတ်သန်းခဲ့ကြစဉ် မှတ်တမ်း ဓာတ်ပုံတွေလည်း ခင်းကျင်းပြသထားသလို ပန်းချီ၊ အနုပညာ ပစ္စည်းတွေလည်း ပြသထားတယ်လို့ ဆိုပါတယ်။  

 ဓာတ်ပုံများ- 8888 Silver Jubilee







အိမ့်သံစဉ် ~ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved