လက်ပံတောင်းမှာ ရွာတရွာကို လုံထိန်းတွေ ၀င်ရောက်စီးနင်း

Tuesday, August 6, 2013

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဒေသက ပုဒ်မ ၁၄၄ အထုတ်ခံထားရတဲ့ ဇီးတောကျေးရွာကို ယနေ့ နံနက် ၁ နာရီခွဲလောက်က လုံထိန်းအင်အား ၃၀၀ ၀န်းကျင်လောက်နဲ့ ၀င်ရောက် စီနင်းခဲ့တယ် လို့ ဒေသခံ တဦး က ပြောပါတယ်။ 


 ယမန်နှစ် နိုဝင်ဘာ ၂၉ မနက် ၃ နာရီက လက်ပံတောင်း သပိတ်စခန်း စီးနင်းဖြိုခွဲခံရစဉ်မြင်ကွင်း၊ 
ဓာတ်ပုံ- ဧရာဝတီ

အဲဒီလို စီးနင်းရာမှာ လုံထိန်း တပ်ဖွဲ့ဝင်တွေဟာ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့ ကြသလို ရွာသားတွေကိုလည်း ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ သိရပြီး ရွာသား ၂ ဦးကတော့ လက်ထိပ် တန်းလန်းနဲ့ ထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ရွာထဲ ၀င်ရောက်စီးနင်းချိန်မှာ ဒေသခံတွေကို ကူညီနေတဲ့ ကျောင်းသားတွေကို ပိုက်စိပ်တိုက်ရှာဖွေမှုတွေ လုပ်ကြောင်းလည်း အဆိုပါ ဒေသခံက ပြောပါတယ်။ 

ဒါကြောင့် အနီးရှိ ဆည်တည်း၊ မိုးကြိုပြင်၊ တုံရွာတို့ကလည်း လုံထိန်းတွေ ၀င်ရောက်စီးနင်းတာ မခံရစေဖို့ ရရာ လက်နက် စွဲကိုင်ပြီး ကာကွယ်ဖို့ အဆင်သင့် လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည် မုံရွာကို လာမယ့်နေ့ ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက် မနက် ၃ နာရီကလည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်ကို လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲ ခဲ့လို့ သံဃာတော်တွေနဲ့ ဒေသခံတချို့ မီးလောင် ဒဏ်ရာတွေသင့်ခဲ့ကြပါသေးတယ်။ 

ဒီနေ့လည်း ရှစ်လေးလုံး ငွေရတု အခမ်းအနား စတင်ကျင်းပမယ့် နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ 

ဝင်ရောက်စီးနင်းခံခဲ့ရတဲ့ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းလည်း နောက်ပိုင်းမှာ ရွာသားတွေက သာသနာ့မြေကို ပြန်လည် ပေးအပ်နိုင်ခဲ့တယ်လို့ လက်ပံတောင်း အရေး ကူညီပေးနေသူ ပြည်သူ့ အကျိုး ဆောင် ကွန်ယက်က ကိုဝေဠုက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အောက်ပါအတိုင်း အသိပေးထားပါတယ်။ 


လက်ပံတောင်းဆိုတာ ဖိရင် ကြွမယ် ဆိုတဲ့ သခင်စိတ်နဲ့ အစီးနင်းခံရတဲ့ ဇီးတော ဘုန်းတော်ကြီးကျောင်းကို ပြန်သိမ်းလိုက်နိင်ပါပြီ ။ ဒီင်္လို ညကြီး သန်းခေါင် မီးမှောင်မှောင်မှာ ရွာသား အင်အား (၅၀၀) ခန့်က သာသနာ့မြေကို သံဃာတွေအတွက် ပြန်ပေးလိုက်နိင်ပြီ ။
ဘာတွေ ဆက်ဖြစ်လာအုန်းမည်နည်း . . . မည်သူတွေ ထိန်းညှိုနိင်ကြမည်နည်း . . .

လေးစားလျှက်

ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်


အိမ့်သံစဉ် ~

4 comments :

  1. Anonymous said... :

    လက်နက်နဲ့တိုက်နေတဲ့သူတွေကိုတော့..အပြစ်အခတ်၇ပ်စဲပြီးငြိမ်းချမ်းေ၇းကမ်လှမ်းနေတယ်။..လက်နက်မရှိသူတွေကိုတော့...နံနက် ၁ နာရီခွဲလောက်က လုံထိန်းအင်အား ၃၀၀ ၀န်းကျင်လောက်နဲ့ ၀င်ရောက် စီနင်းခဲ့တယ် .....အစိုး၇ရဲ့လုပ်ဆောင်ချက်ကို..နားမလည်တော့ဘူး...

  1. gold said... :

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့လုပ်ရပ်ကဘာလဲ ။နိုင်ငံတော်ပြည်ထောင်စုအစိုးရသမ္မတကြီးနဲ့နိုင်ငံတော်အဆင့်အဖွဲ့အစည်းများကိုမထီမဲ့မြင်ဂရုမစိုက်သလိုဘဲ။

  1. Anonymous said... :

    Balance of power ဆိုတာ အဲဒါဘဲ.. negotiate လုပ်တယ်ဆိုတာ.. power တစ်ခုခု ညီမှ လုပ်လို့ရတယ်။ လုပ်ကြစမြဲပဲ။ ပြည်သူမှာက ညီညွတ်စီးလုံးမှုကိုပဲ power အဖြစ်ယူလို့ရမယ်။ အဲဒီပါဝါ အင်အားမတောင့်တင်းဘဲနဲ့တော့ လက်နက်ရှိကို မျက်ရည်ခံထိုး နေလို့ကတော့အပိုပဲ။
    လွတ်လပ်ရေးအတွက် အင်္ဂလိပ်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ဗိုလ်ချုပ်ဖက်က ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမှုပါဝါ အပြည့်ရှိတယ်။ အင်္ဂလိပ်မှာက လက်နက်အင်အားပါဝါရှိတယ်။ အဲဒီလို ပါဝါတစ်ခုခု ညီနေမှပဲ စေ့စပ်ညှိနှိုင်းမှုဆိုတာ လုပ်လို့ရတယ်။ ပါဝါခြင်း မညီလို့ကတော့ စေ့စပ်ညှိနှိုင်းမှုဆိုတာ ဘယ်တော့မှ ဖြစ်မလာဘူး။
    စိတ်ကောင်း စေတနာမရှိသူတွေမှာသာ ပါဝါ တစ်ဖက်သတ် ရှိနေလို့ကတော့ တိုင်းပြည်နာဖို့ပဲရှိတယ်။ ဖွတ်ဖြစ်ဖို့ပဲရှိတယ်။

  1. ဒီ အ စိုး ရ ဟာ
    ကျွန် တော် တို့ အ မြဲ ပြေား ခဲံ သ လို ပါ ဘဲ
    ဘောင်း ဘီ ချွတ် လာ တာ ဘယ် တော့ မှ ယုံ ကြည် လို့ မ ရ တဲ့ အ ထဲ့ က သူ တွေ ပါ
    ကျွန် တော် ကိုယ် တွေ့ ပါ ဗျာ မိတ် ဆွေ တစ် ယောက် ဟာ တပ် ထွက် တစ် ယောက် ပါ
    တပ် က ထွက် ပြီး အ တိ ဒုခ ရောက် တော့ ကျွန် တော့ ဆီ လာ နေ တယ် ဗျ
    သူ ဘယ် လောက် ဒု ခ ရောက် နေ ပါ စေ တပ် နဲ့ ပါတ် သက် ရင် တော့ မ ကောင်း ကြောင်း ပြော လို့ လက် မ ခံ ပါ ဘူး ဗျ
    အဲ့ ဒီ တော့ ဒီ လို နောက် ဆက် တွဲ ဆိုး ကျိုး တွေ မ ရှိ ၇ လေ အောင် ကျုပ် တို့ ပြည် သူ လူ ထု့ တစ် ရပ် လုံး က ညွတ် ကြ ရ ပါ မယ် ဘယ် နိုင်ငံ ရေး သ မား မှ မ ယုံ ပါ နဲ့ အ တိတ် က သင် ခန်း စာ တွေ မ မေ့ အပ် ပါ ဘူး ဗျ အခု့ လဲ ကြည့် ပါ
    ကျုပ် တို့ ပြည်သူ ရ ဟန်း သွေး မြေ ကျ အ ရ ယူ လာ ခဲ့ တဲ့8.8.88 ရ လဒ် ဟာ ဒီ က နေ့ လွတ် တော် ထဲ ရောက် နေ တဲံ့ ဘယ် ပါ တီ ဘယ် အ ဖွဲ့ အ စည်း မှ ပြည် သူ အ ကျိုး ထိ ရောက် အောင် မ ကာ ကွယ် မ ဆောင် ရွက် နိုင် သေး ပါ ဘူး အ မြဲ ဆင် ခြေ တွေ နဲ့ ပြီး နေ တာ ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved