နန်းခင်ဇေယျာရဲ့ စေတနာ အကြောင်း တစေ့တစောင်း

Thursday, August 22, 2013

ပရိသတ်ကြီး မင်္ဂလာပါ။

နန်းခင် (၂၁.၈.၂၀၁၃) ရက် နေ့လည်မှာ မန္တလေး ကလေးဆေးရုံကိုရောက်ရှိ ခဲ့ပါတယ်။  
ဆေးရုံမှာ ဆေးကုသ မှုခံယူနေတဲ့ ရွာငံမြို့နယ် လက်ပံပင်ကျေးရွာမှ ကိုအောင်ဆန်းဝင်း နဲ့ မချိုပြုံး တို့ရဲ့ သားလေးကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 

  ဓာတ်ပုံ- Nang Khin Zay Yar~facebook
  
 ကလေးရဲ့မိဘ ၂ ပါးကိုလည်းတွေ့ဆုံအားပေးစကားပြောကြားပြီး နန်းခင် နှင့်တကွ နန်းခင်ရဲ့ ပရိသတ်များ မှလှူဒါန်းလိုက်တဲ့ အလှူငွေ ၅၀၀၀၀၀ (ငါးသိန်း)ကျပ်တိတိကို ကလေးမိဘထံ တိုက်ရိုက်ပေး အပ်လှူဒါန်း ခဲ့ပါတယ်။ ကလေးလေးကို တာဝန်ယူကြီးကြပ်ကုသပေးနေသည့် ဆရာဝန်ကြီးနှင့်တကွ ဆရာ၊ ဆရာမ များနဲ့လည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 ဆေးရုံအုပ်ဆရာဝန်ကြီးရဲ့ ပြောပြမှုကြောင့် သိရှိခဲ့ရသည်များကို နန်းခင် ပရိသတ်ကြီးကို ပြန်လည်ရှင်းပြ ပါရစေ....။ ကလေးလေးဟာ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာရှိနေစဉ်အခါကတည်းက မြီးညှောင့်ရိုးမှာအကျိတ်လေး  
ဖြစ်ပေါ် လာခဲ့တာပါ။ မွေးပြီးပြီးချင်း ခွဲစိပ်နိုင်ခဲ့ရင် ဒီအခြေအနေထိဖြစ်လာမှာမဟုတ်ပါဘူး။  

မွေးဖွားပြီးနောက်အကျိတ်က တဖြည်းဖြည်းကြီးထွားလာပြီး အရေပြားအက်ကွဲ အနာများလည်းဖြစ်ပေါ် လာကာ ပိုးဝင်တဲ့ အခြေအနေထိဖြစ်ခဲ့ရတာပါ။ အလုံးကြီးက ကင်ဆာဖြစ်နိုင်ချေများနေပါတယ်။ ပရိသတ်ကြီးတို့ သိထားသလို မွေးရာပါ စအိုကြီးတာမဟုတ်ပါဘူးလို့လည်း ဆရာဝန်ကြီးကရှင်းပြပါတယ်။ 

ကလေးက မွေးကတည်းက စအိုပေါက်ကပါလာပါတယ်။ မြီးညှောင့်ရိုးမှာဖြစ်တည်လာတဲ့ အလုံးအကျိတ် ကကြီးထွား လာခဲ့တာပါတဲ့။ ကလေးရဲ့အကျိတ်လုံးကြီးမှာ ပိုးဝင်နေတဲ့အခြေအနေဖြစ်ပြီးမှ မန္တလေး ကလေးဆေးရုံ ကိုရောက်ရှိလာခဲ့ရပါတယ်။ 

ယခုအချိန်မှာ မန္တလေးကလေးဆေးရုံမှ ကျွမ်းကျင် ဆရာဝန်ကြီး ဆရာ ဆရာမများမှ ၂၄ နာရီအချိန်ပြည့်   
ဆေးကုသမှု စောင့်ရှောက်မှုများပြုလုပ်ပေးလျှက်ရှိနေပါတယ်။ အလုံးကြီးမှာဖြစ်ပေါ်နေတဲ့ ပိုးဝင်မှုကို အရင်ဦးဆုံး ပိုးသတ်ဆေးပေး ကုသမှုပြုလုပ်ဆောင်ရွက်နေပါတယ်။ ထို့နောက် လိုအပ်သောဆေးဝါး များသွင်းခြင်း၊ အလုံးအကျိတ်ကြီးကို ခွဲစိပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်မှာဖြစ်ကြောင်းသိခဲ့ရပါတယ်။ 

အလုံးအကျိတ်ကြီးကို ခွဲစိပ်ဖြတ်တောက်ဖို့ရန် ပစ္စည်းအင်အား၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင် ဆရာဝန်ကြီး ဆရာမကြီးများလည်း အဆင်သင့်အလုံအလောက် ရှိနေကြောင်းသိရှိခဲ့ရပါတယ်။ ခွဲစိပ်ဖို့လည်းအစီအစဉ်ရှိပါတယ်။ ကလေးလေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များ ကို ဆေးရုံမှ တာဝန်ယူပေးနေပါတယ်။ 

အများပြည်သူအလှူရှင်များမှ ကလေးမိသားစုအတွက် ကူညီလှူဒါန်းလိုပါက ကလေးမိဘထံ တိုက်ရိုက်  
ပေးအပ် လှူဒါန်းလို့ရပါတယ်။ အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေများကို ကလေးမိဘထံ တိုက်ရိုက် လှူဒါန်းပေးအပ် ထားပါတယ်။ ယခုလို နန်းခင် ကို စိတ်ရှည် လက်ရှည်ရှင်းပြခဲ့တဲ့ ဆေးရုံအုပ်ဆရာဝန်ကြီး  
ဒေါက်တာ စိန်ဟန်နှင့် ဆရာ ဆရာမများ အားလုံးကို ကလေးမိဘများနှင့်တကွ ပရိသတ်ကြီး ကိုယ်စား  
ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာကနေပြောကြားပါရစေ။

 ကလေးလေး မြန်မြန်ကျန်းမာပကတိ ချမ်းသာစွာရှိပါစေလို့ နန်းခင် ဆုတောင်းမေတ္တာပို့ပါတယ်။ 

နန်းခင်ဇေယျာ 










2 comments :

  1. အဲ့ ဒီ လုပ် ရပ် လေး တွေ ကြောင့် မဲ ပေး ခဲ့ တာပါ
    လေး စား ပါ တယ် ညီ မ ငယ် ရေး

  1. Anonymous said... :

    ညီမလိုစိတ်ဓာတ်မျိုးသရုပ်ဆောင်တိုင်းမှာရှိရင်ဘယ်လောက်ကောင်းမလဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved