စနေနေ့ ရန်ကုန်မှာတွေ့ရမယ့် စိတ်ဝင်စားစရာဟောပြောပွဲ

Thursday, August 22, 2013


~



လာမယ့် စနေနေ့ ရန်ကုန်မြို့  စိတ်ဝင်စားစရာဟောပြောပွဲတခု ရှိနေပါတယ်လို့ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းက ပြောပါတယ်။

စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်ကြီးများအသင်း (UMFCCI) ရုံးမှာ လုပ်မယ့်ပွဲပါ။
 


စာအုပ်ပုံနှိပ်ထုတ်ဝေရေးမီဒီယာလုပ်ငန်းများရဲ့ လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေ၊ နောင်အနာဂတ်ကာလမှာဖြစ်ပေါ်လာမယ့် အခြေအနေ၊ ကျော်ဖြတ်ရမယ့်နည်းလမ်းတွေကို စင်္ကာပူနိုင်ငံမှာ ထုတ်ဝေသူအဖြစ်အောင်မြင်နေတဲ့ မြန်မာနိုင်ငံသား ကိုဂျွန်သက်က ဟောပြောပေးမှာ ဖြစ်ပါတယ်။

ဟောပြောမယ့်သူတွေကတော့ ကိုဂျွန်သက်၊ မနန်းကလျာဝင်းတို့ ဖြစ်ပါတယ်။

ကိုဂျွန်သက်
ကိုဂျွန်သက်က စင်္ကာပူနိုင်ငံ နာမည်ကြီး Asian Geographic Magazine အပါအ၀င် မဂ္ဂဇင်း ၆ စောင် နဲ့ အခြားစာအုပ်များ ထုတ်ဝေနေပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကို ဖြန့်ချိရတဲ့အထိ အောင်မြင်နေသူဖြစ်ပါတယ်။

သူရဲ့ အတွေ့အကြုံတွေကို ဟောပြောပေးဖို့ တမင်ဖိတ်ကြားထားတာပါ။
သူက နိုင်ငံတကာအဖွဲ့အစည်းများရဲ့ထုတ်ဝေသူဆု ၂၈ ဆု ရထားသူဖြစ်ပါတယ်။




မနန်းကလျာဝင်း


Asian Fame Media ရဲ့ Chairperson မနန်းကလျာဝင်းကတော့ မကြာခင်ကမှ သွားရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာရှစာပေထုတ်ဝေသူများညီလာခံက အတွေ့အကြုံတွေ ဟောပြောပေးမှာဖြစ်ပါတယ်။

အာရှနိုင်ငံတွေက စာပေထုတ်ဝေသူ ၂၀၀ လောက်တက်ရောက်ပြီးထုတ်ဝေရေးလောကရဲ့ အတွေ့အကြုံ၊ နည်းလမ်းတွေ ဖလှယ်ကြတဲ့ပွဲမို့ စိတ်ဝင်စားစရာတွေပြည့်နှက်နေပါတယ်။ဒါတွေကို ပြန်လည်ရှင်းလင်းပြမှာပါ။
မနန်းကလျာဝင်းကလည်း
ပေါ်ပြူလာအနုပညာဂျာနယ်
ပေါ်ပြူလာနယူးဂျာနယ်
အိန်ဂျယ်ကလေးဂျာနယ်
ရတီမဂ္ဂဇင်း
Living Fashion Magazine
Mr. Magazine
ငွေသော်တာစာအုပ်တိုက်၊ ငွေကံ့ကော်ပုံနှိပ်တိုက်
တို့နဲ့ ပြည်တွင်းမှာ အောင်မြင်နေတဲ့ ထုတ်ဝေသူဖြစ်ပါတယ်။
သူတို့ဟောပြောပွဲကို စာရေးသူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူ၊ ပုံနှိပ်သူ၊ ကွန်ပြူတာနယ်ပယ်ကသူများအပါအ၀င် စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နားထောင်နိုင်ပါတယ်။
မီဒီယာများလည်း တက်ရောက် သတင်းယူနိုင်ပါတယ်။ 

အချိန် - ၂၄-၈-၂၀၁၃ (စနေနေ့) မနက် ၉း၀၀ မှ ၁၂း၀၀ အထိ
နေရာ -
ရန်ကုန်မြို့ - စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်ကြီးများအသင်း (UMFCCI) ရုံး


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved