ရာထူး အပြောင်းအလဲ နောက်တခု

Saturday, August 17, 2013

ပြုပြင်ပြောင်းလဲရေး အစိုးရလို့ အမည်ရနေတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ အခုနောက်ဆုံး အပြောင်းအလဲ တခု ကတော့ စစ်ကိုင်းတိုင်းက လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး တဦးကို နေပြည်တော် ကောင်စီ အဖွဲ့ဝင် အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်တာပါ။ 

စစ်ကိုင်းတိုင်း လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးတင်ငွေကို နေပြည်တော် ကောင်စီ အဖွဲ့ဝင်အဖြစ် သြဂုတ် လ ၁၆ ရက်နေ့ ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန်လက်မှတ်ရေးထိုးကာ သမ္မတရုံးက အမိန့် ထုတ် 
ပြန် ပြောင်းလဲ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 
(အမိန့်အမှတ်၊ ၃၆ / ၂၀၁၃) 
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် 
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်) 

နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၅ ၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲ ငယ်(၂)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၂ နှင့် နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၄ တို့ ပါ ပြဋ္ဌာန်း ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်ငွေအား နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။ 


(ပုံ) သိန်းစိန်  
 နိုင်ငံတော်သမ္မတ 
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved