RIT ကျောင်းသား ကိုစိုးနိုင် မိသားစု ဒီလို ဖြစ်နေတယ်

Saturday, August 17, 2013

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရှစ်လေးလုံး ငွေရတု ဆိုတဲ့ အခမ်းအနားကြီး ရန်ကုန်နဲ့တကွ မြို့ကြီးတချို့မှာ ကျင်းပခဲ့ပြီးပါပြီ။ အခမ်းအနားတွေ ဖြစ်မြောက်ရေး ဦးဆောင်ကြသူတွေလည်း ပင်ပန်းသွားကြလောက်ပါပြီ။ 

 ကိုစိုးနိုင်အား ဂုဏ်ပြုမှတ်တမ်းလွှာကို မိခင်ဖြစ်သူ စမ်းတ၀ါးဝါး ကြည့်နေစဉ်၊ ဓာတ်ပုံ- ကိုမြင့်ဦး

ရှစ်လေးလုံးလို့ ပြောလိုက်တိုင်း ၁၉၈၈ ခုနှစ်က စက်မှုတက္ကသိုလ်လို့ ခေါ်တဲ့ RIT ဆိုတာကို မေ့ထားလို့ မရပါဘူး။ 

RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ၂ ဦး သေနတ်ကျည်သင့် ကျဆုံးခဲ့ပြီး နောက်မှာတော့ လူထု လူတန်းစား အသီးသီး အလွှာ အသီးသီးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြည်သူ တရပ်လုံး တောင်းဆို တိုက်ပွဲဝင်ကြတဲ့ အရေးတော် ပုံကြီး ပေါ်ပေါက် လာခဲ့တာပါ။ 

၁၉၈၈ ခုနှစ်က မဆလ အာဏာရှင် ဦးနေ၀င်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ မတ်လ ၁၃ ရက်နေ့မှာ ကိုဖုန်းမော်ဟာ ကွယ်လွန်ခဲ့ရပြီး ထိုနေ့က သေနတ်ဒဏ်ရာ ရခဲ့ကြသူတွေထဲက ကိုစိုးနိုင်လည်း သိပ်မကြာခင် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ရပြန်ပါတယ်။ 

ကိုစိုးနိုင် ကွယ်လွန်ခဲ့တာအတွက် လူသိလည်း နည်းကြသလို ကိုစိုးနိုင် နဲ့ပတ်သက်တဲ့ မိသားစုကိုလည်း လူတွေ သတိမေ့ နေခဲ့ကြတာ ငွေရတု တိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် လွန်ခဲ့တဲ့ ပုသိမ်မြို့ ရှစ်လေးလုံး ငွေရတုကာလမှာပဲ ကိုစိုးနိုင်မိသားစုကို ပုသိမ်မြို့ လူထုကိုယ် စား လူ့အခွင့်အ ရေး ချစ်မြတ်နိုသူများ ကွန်ရက်( ပုသိမ်) ကနေ ရှစ်လေးလုံး သူရဲကောင်းအဖြစ် ဂုဏ်ပြုတဲ့ အခမ်းအနားနဲ့တကွ ကူညီ ထောက်ပံ့မှုတွေကို ပုသိမ် ခါတော်မီ ကျောင်းတိုက်မှာ ကျင်းပနိုင်ခဲ့ကြပါတယ်။ 

စက်မှုကျောင်းသားတွေ၊ မြို့ခံပြည်သူတွေ၊ သူငယ်ချင်း ဟောင်းတွေ၊ စေတနာရှင်တွေက စုပေါင်းလှူဒါန်းကြတဲ့ အလှူငွေ စုစုပေါင် ကျပ် သိန်း ၂၀ ကိုလည်း ကိုစိုးနိုင်ရဲ့ အမကြီးဖြစ်သူ မမြင့်မြင့်ရီ လက်ကို အပ်နှံခဲ့ကြပါတယ်။ 

ကိုစိုးနိုင်ကို ဂုဏ်ပြုတဲ့ပွဲကိုတော့ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့နဲ့ အတူ သေနတ်မှန်ခဲ့ပေမယ့် သေကံမရောက်ခဲ့သူ ကိုမြင့်ဦး လည်း တက်ရောက်ခဲ့ပါတယ်။ 

အာဏာရှင် ဦးနေ၀င်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတွေကို 
သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် ကိုစိုးနိုင် သေဆုံးခဲ့ပြီး နောက် ၂ နှစ်လောက် အကြာမှာ ကိုစိုးနိုင်ရဲ့ ဖခင်ဖြစ်သူဟာ ဖိနှိပ်ခြိမ်းခြောက်မှု တွေနဲ့ သောက ဗျာပါဒတွေနဲ့ ကွယ်လွန်သွားခဲ့ရတယ်လို့ သိရကြောင်း ကိုမြင့်ဦးက ဧရာဝတီကို ပြောပြပါတယ်။ 

သားဆုံး လင်သေ တဲ့ အဖြစ်မျိုး ကိုစိုးနိုင်ရဲ့ မိခင် ရင်ဆိုင်ရချိန်မှာ ကျန်းမာရေး ချို့တဲ့ပြီး စိတ္တဇဝေဒနာ ခံစားခဲ့ရပါတော့တယ်။ 

မိခင်က စိတ်ဝေဒနာခံစားရချိန်မှာ ကိုစိုးနိုင်ရဲ့ ညီဖြစ်သူ ကိုသိန်းနိုင်ကလည်း စိတ်ဝေဒနာကို ဆက်လက် ခံစား ခဲ့ရပါတယ်။ 

ကိုစိုးနိုင်ရဲ့ ညီအငယ်ဆုံး အောင်ကျော်စိုးဟာလည်း ဆယ်တန်း စာမေးပွဲကို ဂုဏ်ထူး ၂ ဘာသာနဲ့ အောင်မြင် ခဲ့ပေမယ့် ပြိုလဲခဲ့တဲ့ မိသားစု စီးပွားရေးအခြေအနေကြောင့် ကျောင်းဆက်မတက်နိုင်ပဲ စိတ်ဝေဒနာရှင် မိခင်အိုကို ချို့ချို့တဲ့တဲ့ လုပ်ကိုင် ကျွေးမွေးစောင့်ရှောက်နေရပါတယ်။ 

“ကိုစိုးနိုင်တို့ မိသားစုမှာ အခု သူ့အမရယ်၊ သူ့အမေ၊ သူ့ညီ ၂ ယောက်ပဲ ရှိတော့တယ်။ လူကောင်းဆိုလို့ အငယ်ဆုံး ညီ တယောက်နဲ့ အမပဲ ရှိတာလေ။ ဒီလို အခြေအနေဖြစ်နေရတာ အရမ်းစိတ်ထိခိုက်လို့ ကျနော်လည်း မနေနိုင်တာနဲ့ ဓာတ်ပုံ တွေကို ဖေ့စ်ဘုတ်ပေါ် တင်ခဲ့တာ” လို့ ကိုမြင့်ဦးက ပြောပါတယ်။ 

ဒါကြောင့်လည်း သူက ကိုစိုးနိုင် မိသားစု အတွက် တတ်နိုင်တဲ့ အလှူရှင်တွေ ကူညီနိုင်ဖို့ ဖေ့စ်ဘုတ်ပေါ်ကနေ နှိုးဆော် လိုက် တာဖြစ်တယ်လို့သူက ဆက်ပြောပါတယ်။ 

“ကိုစိုးနိုင်တို့ မိသားစုအတွက် ကောင်းကောင်းကြီး မဟုတ်တောင်မှ နေလို့ သင့်တဲ့ အိမ်ကလေး တလုံး ဖြစ်အောင် လုပ် ပေး ချင်တယ်။ ကျနော့်ဆန္ဒပြောတာပါ” လို့ သူက ပြောပါတယ်။ 

ကိုစိုးနိုင်ရဲ့ ညီလေးအတွက် အခုလို ကြုံရာ ကျပန်း မဟုတ်တော့ပဲ အခြေအနေ တည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေးလေး တခု လည်း လုပ်ပေးချင်တယ်လို့ ကိုမြင့်ဦးက ပြောပြပါတယ်။ လောလောဆယ် စိတ်ထဲပဲ ရှိနေသေးပြီး သူငယ်ချင်းတွေနဲ့လည်း မတိုင်ပင်ရသေးဘူးတဲ့။ 

သားဖြစ်သူ ကိုစိုးနိုင်အတွက် ဂုဏ်ပြုမှတ်တမ်းကို ကိုစိုးနိုင်ရဲ့ မိခင်က မျက်လုံး မမြင်မကန်းနဲ့ ကြည့်နေတဲ့ မြင်ကွင်းက အားလုံးကို ရင်စို့မျက်ရည်ကျခဲ့ရပါတယ်တဲ့။

ကိုစိုးနိုင်ရဲ့ မိခင်အိုနဲ့ မိသားစုနေထိုင်တာက အိမ်လို့တောင် ခေါ်လို့မရတဲ့ တဲအိမ်လေးပါ။ ကိုစိုးနိုင်တို့ မိသားစုလို ဒီမိုကရေစီအရေး မှာ ပေးဆပ်သွားရတဲ့ မိသားစုတွေ ဘယ်လောက်များ ရှိမယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။ 

အခုတော့ ကိုမြင့်ဦးနဲ့ သူငယ်ချင်းတစုက ရှစ်လေးလုံး ဒီမိုကရေစီ သူရဲကောင်း တဦးဖြစ်တဲ့ ကိုစိုးနိုင်ရဲ့ မိသားစုကို တတ် နိုင်တဲ့ဘက်က ကူညီထောက်ပံ့နိုင်ဖို့အတွက် အလှူငွေ ကောက်ခံနေခဲ့ရာမှာ သိ သူ၊ 
စေတနာရှင်တွေက လာရောက် လှူဒါန်း မှုတွေ လုပ်နေကြပါပြီ။ 

ကိုစိုးနိုင်မိသားစု ပြန်လည် ထူထောင်ရေးအတွက် အလှူရှင်များစာရင်းကို  ကိုမြင့်ဦးရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ အောက်ပါအတိုင်းဖော်ပြနေပါတယ်။

FB ပေါ်မှ ၈၈ကျဆုံးစက်မှုကျောင်းသား ကိုစိုးနိုင်၏ အကြောင်း ဖတ်ရှူ့ရသဖြင့် ကျန်ရစ်သူ မိသားစု အတွက်အလှူငွေကျပ်တစ်သိန်းကို ဒေါ်ရွှေကြာမှလာရောက်ပေးအပ်

၈၈ ကျဆုံးစက်မှုကျောင်းသား ကိုစိုးနိုင်၏ ကျန်ရစ်သူမိသားစုအတွက်
အလှူငွေစာရင်း ( ၁၆၊ ၈၊ ၂၀၁၃ ) 

1. Ko Myint Khine 91 ( Mech ) Kyat 30,000.
2. Ko Aye Thwin 92 ( EP ) Kyat 200,000.
3. Ko Ko Lay 91 ( Mech ) Kyat 50,000.
4. Daw Shwe Kyar Kyat 100,000.
5. Daw Sandar Thaung 95 ( Civil ) TGTI Kyat 100,000.

ဦးညွန့်လှ+ဒေါ်မော်လီ (ကနေဒါနိုင်ငံ-တိုရွန်တိုမြို့ ) ထံမှစာရင်း------
(၁) ဆရာတော် ဦးကောဝိဒ (မဟာဓမ္မိကကျောင်း-ကနေဒါ) CA$ 150
(၂) ကိုအောင်မြင်အုန်း+Teresa Khoo (ကနေဒါ)မှ CA$100.....

ကိုခင်မောင်လွင်ထံမှစာရင်း------

( ၁ ) ၀င်းထိန် ( မော်လမြိုင် ) Mechanical 1987 ကျပ် ၁၀၀၀၀၀.၀၀
( ၂ ) အေးကိုကို ( Singapore ) Mechanical 1987 ကျပ် ၂၀၀၀၀၀.၀၀
( ၃ ) ဇော်ထွဋ် Electronic 1987 ကျပ် ၅၀၀၀၀.၀၀
( ၄ ) သန်းတူးကျော် Electronic 1991 ကျပ် ၁၀၀၀၀၀.၀၀ ဖြစ်ပါတယ်။
( ၅ ) မြတ်တိုး Mechanical 1987 ကျပ် ၃၀၀၀၀.၀၀
( ၆ ) ခင်အောင်ထွန်း Electronics 1985 ကျပ် ၁၀၀၀၀၀.၀၀
( ၇ ) နေ၀င်း ( ခ ) ဘိုးနေ Mechanical 1991 ကျပ် ၂၀၀၀၀.၀၀
( ၈ ) မြင်.အောင် Petroleum 1991 ကျပ် ၁၀၀၀၀၀.၀၀
( ၉ ) စမျိုးအောင် Mechanical 1987 ( 1991 ) ကျပ် ၅၀၀၀.၀၀
( ၁၀ ) အေးကို Metallurgy 1991 ကျပ် ၅၀၀၀၀.၀၀
( ၁၁ ) မိုးမြင်.ကျော် Mechanical 1987 ကျပ် ၁၀၀၀၀၀.၀၀
( ၁၂ ) ကျော်လင်း Textile 1987 ကျပ် ၅၀၀၀၀၀.၀၀
( ၁၃ ) တင်ဦး Electronics ကျပ် ၅၀၀၀၀.၀၀
( ၁၄ ) အောင်ကျော်ထွန်း Mechanical 1992 ကျပ် ၁၀၀၀၀၀.၀၀
( ၁၅ ) တူးတူးမာ Mechanical 1991 ကျပ် ၂၀၀၀၀၀.၀၀
 
ထပ်မံလှူဒါန်းမည်.သူများစာရင်းကိုလည်းဆက်လက်ကြေငြာပေးသွားပါမယ်

၈၈-ကျဆုံးစက်မှုကျောင်းသား ကိုစိုးနိုင်၏ ကျန်ရစ်သူမိသားစုအတွက်
အလှူငွေ-ယနေ့ထပ်မံပေးပို့လာသူများ ( ၁၆၊ ၈၊ ၂၀၁၃) 

(၁) ကိုအောင်ဇော် အယ်ဒီတာ၊ဧရာဝတီသတင်းဌာန ကျပ် ၁၀၀,၀၀၀.
(၂) ကိုဇော်လင်း စက်မှု-၉၅ စက်ာပူ ကျပ် ၁၀၀,၀၀၀.
(၃) ကိုနိုင် စက်မှု-၉၄ + ဒေါ်စန်းသီတာလွင် ကျပ် ၅၀,၀၀၀


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved