လောကနတ်ရဲ့ တလတာ

Thursday, August 1, 2013

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းထဲက သက်တမ်းရင့်ပန်းချီပြခန်း လောကနတ်မှာ ပန်းချီပြပွဲ၊ အနုပညာပြပွဲတွေဟာ ထုံးစံအတိုင်း ဒီလ သြဂုတ်လ တလလုံး ဆက်တိုက်လိုလို ရှိနေတာ တွေ့ရမှာပါ။


လောကနတ် ပြပွဲတခုမှာ တွေ့ခဲ့ရတဲ့ မြင်ကွင်းတစိတ်တဒေသ

မနက်ဖြန် စတင်မယ့် ကျော်ဖြူစံရဲ့ ပန်းချီပြပွဲကို Line and Colour လို့ အမည်ပေးထားပါတယ်။


၆ ရက်ကြာ ပြသမယ့် ဒီပွဲနဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်တခုမှာ အခုလို ရေးထားပါတယ် ...

တကယ်တော့ အဖြူထည်စစ်စစ်ပါ။ အရောင်တွေ စီးမြောဖို့ မျဉ်းကြောင်းတွေ ရေးခြစ်ကြတာလား။ မျဉ်းကြောင်းတွေ ရှင်သန်နေလို့ အရောင်တွေ စီးဝင်သွားတာလား။ အရောင်နဲ့ မျဉ်းကြောင်း မျဉ်းကြောင်းနဲ့ အရောင်၊  တကယ်တော့ အဖြူထည် စစ်စစ်ပါ။
အဲဒီပွဲအပြီး ကပ်လိုက်လာတဲ့ပွဲကတော့ အုပ်စုလိုက်ပြပွဲဖြစ်ပါတယ်။

august ART EXHIBITION လို့ အမည်ပေးထားတဲ့ အုပ်စုပွဲကို သြဂုတ် ၉ ကနေ ၁၃ အထိ တွေ့ရမှာပါ။

သြဂုတ် ၁၅ ကနေ ၁၉ အထိက လည်း အုပ်စုပွဲပါပဲ။
K.PHO.KYI 
second painging show
လို့ အမည်ပေးထားတဲ့ ဒီပွဲမှာ ပါဝင်တဲ့ သုံးယောက်က
K2K, Pho San, Kyi Thar Aye တို့ဖြစ်ပါတယ်။
သြဂုတ် ၂၁ ကနေ ၃၁ အထိ ပြသမှာကတော့ အနုပညာရှင် Quee ရဲ့ ပွဲ ဖြစ်ပါလိမ့်မယ်။
Family လို့ အမည်တပ်တဲ့ပွဲပါ။

ပန်းချီ/အနုပညာ ခံစားလိုသူများအတွက် လက်တို့လိုက်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved