အဆင့်မြင့် အဝေးပြေးကားဂိတ်နဲ့ စည်းကမ်း

Wednesday, August 21, 2013

ရန်ကုန်မြို့တော်ကို အဆင့်မြင့် ခေတ်မှီ မြို့တော်ကြီးအဖြစ် ဆောင်ရွက်နေရာတွင် အများ ပြည်သူ ခရီး သွားသူတွေ သက်တောင့်သက်သာ အဆင်ပြေစေဖို့ အောင်မင်္ဂလာ အဝေးပြေး ကားဝန်းအတွင်း အဝေး
ပြေး ခရီးသွားကားတွေ ဆိုက်ရောက်နိုင်မယ့် Arrival Terminal အဆောက်အဦသစ်ကို သြဂုတ်လ ၁၉ ရက်နေ့ မှာ စတင် စမ်းသပ် ဖွင့်လှစ် ခဲ့ပါပြီ။ 

 ဓာတ်ပုံ- ကြေးမုံသတင်းစာ

အဲဒီ အဆောက်အဦအတွက် ငွေကျပ် သိန်း ၅၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားတာလို့ ယမန်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

အကျယ်အ၀န်း ၃၁၂ ပေ ရှိပြီး လာမယ့် စက်တင်ဘာလက စပြီး အဝေးပြေး ယာဉ်တစ်စီးကို ၅၀၀ ကျပ်
နှုန်းနှင့် အငှား ယာဉ် တစီးကိုတော့ ၂၀၀ ကျပ်နှုန်းနဲ့ ကောက်ခံသွားမှာပါတဲ့။ 

အဝေးပြေး ဆိုက်ရောက် နေရာရပ်ဝန်း ( Arrival Taminal) မှာတော့ အဝေးပြေးအဆင့်မြင့် ကားအစီး ၃၀ ၀င်ရောက် နိုင်ပြီး ခရီးသွားဧည့်သည် ကြို၊ ပို့ နိုင်ဖို့ အတွက် Taxi ကား အစီး ၅၀ ၀န်းကျင်လောက်လည်း ရပ်နားနိုင်ပါတယ်။ 

အဆောက်အဦကို ခေတ်မီ Steel Structure တွေနဲ့ တည်ဆောက်ထားပြီး လူသွား စင်္ကြန် ၄ ခုပါရှိကာ ထိုင်ခုံတွေ အစီအရီလည်း ခင်းကျင်းထားသလို CCTV တွေလည်း တပ်ဆင်ထားပါတယ်။ 

အင်တာနက်အသုံးပြုနိုင်တဲ့ဆိုင်ခန်းတွေလည်း ရှိသလို နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်သူ
တွေ အတွက် ငွေလဲလှယ်နိုင်တဲ့ ကောင်တာတွေလည်း ထားရှိထားတယ်လို့ဆိုပါတယ်။ ဘတ်စ်ကားလိုင်း
တွေ လည်း အလွယ်တတူ စီစဉ်ထားပါတယ်။ 

လာမယ့် လပိုင်းတွေမှာ ၂၇ ကြိမ်မြောက် SEA Games တွေ အိမ်ရှင်အဖြစ် မြန်မာနိုင်ငံက ကျင်းပတော့ မှာ ဖြစ်သလို လာမယ့် ၂၀၁၄ ခုနှစ်ဆိုရင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တော့မှာ ဆိုတော့ အခုလို အဆင့်မီ ပြင်ဆင်မှုတွေ လုပ်နေတာလည်းဖြစ်မှာပါ။ 

မြင်ရတဲ့ မြင်ကွင်းအရ ထိုင်းနိုင်ငံက အဝေးပြေး ကား ၀န်းတွေလို အဆင့်အတန်းမျိုး မြင်ရလို့ ကြည်နူးမိတဲ့ တချိန်တည်း စိတ်ပူ မိတာတခုကတော့ အမြဲတမ်း သန့်ရှင်း သပ်ရပ်စွာရှိဖို့ စည်းကမ်းရှိရေး ဘယ်လို ထိန်းသိမ်းကာကွယ်သွားကြမလဲ ဆိုတာ ပါဘဲ။ 

 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved