ဦးသိန်းစိန်အတွက် Facebook မှာ စည်းရုံးရေးဆင်း

Thursday, August 22, 2013


~

သမ္မတဦးသိန်းစိန်ရဲ့ Facebook စာမျက်နှာတွေ တခုထက်မက ရှိနေတာ သတိထားမိကြမှာပါ။

အဲဒီထဲမှာ နေပြည်တော် သမ္မတရုံးက စီစဉ်ကိုင်တွယ်တာကတော့ https://www.facebook.com/MyanmarPresidentUTheinSein ဆိုတဲ့ စာမျက်နှာ ဖြစ်ဖွယ်ရှိ (ဖြစ်ဖွယ်ရှိ) ပါတယ်။
Like လုပ်ထားသူ အရေအတွက် နှစ်သောင်းကျော်ပါ။
 


 ကျန်တာတွေကတော့ သူ့ကို လေးစားသူတချို့က ဖန်တီးထားတာတွေလို့ ယူဆရပါတယ်။
Like လုပ်ထားသူ အရေအတွက် ငါးထောင်၊ တသောင်းဝန်းကျင် ရှိတာ တွေ့ရမှာပါ။ ဒီစာစုမှာတော့ အားလုံးအကြောင်း မပြောဘဲ တရားဝင်လို့ ယူဆရတာကိုပဲ ပြောပါမယ်။

တရားဝင်စာမျက်နှာလို့ ယူဆရတဲ့ အဲဒီ Facebook fan page မှတော့ အင်္ဂလိပ်ဘာသာနဲ့ အခုလို ရေးထားတာ တွေ့ရမှာပါ။

This page is for the people those who respect and support our president U Thein Sein..
Show your respect and support to Our President by liking this page..


 ဆီလျော်အောင် ဘာသာပြန်ရရင် ...

ဤစာမျက်နှာသည် ကျွန်ုပ်တို့၏သမ္မတ ဦးသိန်းစိန်ကို လေးစားသော၊ ထောက်ခံသော ပြည်သူများအတွက် ဖြစ်ပါသည်။
ဤစာမျက်နှာကို Like လုပ်ခြင်းအားဖြင့်  ကျွန်ုပ်တို့၏သမ္မတကို  လေးစား၊  ထောက်ခံကြောင်း ပြသကြပါ
ဆိုပါစို့။

Like လုပ်ထားသူ အရေအတွက် နှစ်သောင်းကျော် ရှိပါတယ်။
ဒီအရေအတွက်ဟာ သူ့ရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်နောက်ကို Facebook မှာ လိုက်နေသူ အရေအတွက်ကိုတော့ ယှဉ်လို့ မရသေးပါဘူး။
ဦးရဲထွဋ်ကို Facebook မှာ လိုက်နေသူပေါင်း လေးသောင်း ခုနှစ်ထောင်ဝန်းကျင် ရှိနေတာပါ။ 

ဒီလို အရေအတွက် ကွာခြားရုံနဲ့တော့ သမ္မတကြီး ဦးသိန်းစိန်ကို လေးစားထောက်ခံမှု အားနည်းနေတယ်လို့ မဆိုနိုင်ပါ။
ဒီစာမျက်နှာရဲ့အနေအထားကို သေချာ မသိကြသေးလို့ Like မလုပ်ကြသေးတာလည်း ဖြစ်နိုင်ပါတယ်။




 Facebook
နဲ့ အထင်ကရများအကြောင်းကို ဒီဘလော့မှာ အခါအားလျော်စွာ ရေးနေတာ ဖတ်ကြရမှာပါ။
တချို့သော လင့်တွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံတကာမယ်ပြိုင်ပွဲဝင်နေတဲ့ ခင်ဝင့်ဝါရဲ့ Facebook
http://blog.irrawaddy.org/2013/08/facebook_20.html

Facebook မှာ နာမည်ပြောင်းလိုက်တဲ့ အေးဝတ်ရည်သောင်း
http://blog.irrawaddy.org/2013/05/facebook_14.html

ခွန်းဆင့် Facebook ကို ဘယ်သူတွေ ဖောက်သွားသလဲ
http://blog.irrawaddy.org/2013/07/facebook_18.html

တရုတ်အစိုးရ ရန်ကုန်မှာ Facebook လာသုံး
http://blog.irrawaddy.org/2013/07/facebook_24.html

Facebook မှာ ဒုဝန်ကြီးဦးရဲထွဋ်ကို နောက်ယောင်ခံမှု
http://blog.irrawaddy.org/2013/06/facebook_28.html

အထက်မှာ like လုပ်ထားသာ နှစ်သောင်းခန့် ရှိတဲ့ စာမျက်နှာကို သမ္မတရဲ့ဝန်းကျင်ကအရာရှိတွေ ကိုင်တွယ်နေတာ မဟုတ်ဘူးလို့လည်း ယူဆနိုင်စရာအချက်တွေ ရှိနေပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီစာမျက်နှာမှာ သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မှတ်တမ်းတင် ဖော်ပြခြင်းမရှိ ဆိုတဲ့အချက်၊
ပြီးတော့ ... အငြင်းပွားဖွယ်ရာ အွန်လိုင်းရေးသားချက်တချို့ကို အဲဒီစာမျက်နှာကနေပဲ မျှဝေနေ (share နေ)တဲ့ အချက်။

ထိုင်းဝန်ကြီးချုပ် ရင်လပ်ကတော့ သူ့ရဲ့  Facebook ကို ကိုင်တွယ်ဖို့ ဝန်ထမ်း အလုံအလောက် ခန့်ထားပုံရပါတယ်။
Facebook ကို ကောင်းကောင်း အသုံးချပြီး သူ့ကို စောင့်ကြည့်သူ၊ လေးစားသူ၊ ထောက်ခံသူတွေနဲ့ အွန်လိုင်းကနေ နွေးနွေးထွေးထွေး ထိတွေ့နေတယ်လို့ ဆိုနိုင်ပါတယ်။
သူ့ Facebook ကို သွားကြည့်ရင် အဲဒီလို ခံစားရပါလိမ့်မယ်။
ဒီလိုဖြစ်အောင်လည်း သူက စီစဉ် ညွှန်ကြားထားပုံရပါတယ်။

ဦးသိန်းစိန်ရဲ့ Facebook  စာမျက်နှာတွေလည်း သိပ်မကြာခင်မှာ ပုံစံ ပြောင်းလဲဖွယ် ရှိပါတယ်။
သို့မဟုတ် မပြောင်းလဲဘဲ ဒီအတိုင်း ဆက်သွားနိုင်ဖွယ်ရှိပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved