ရန်ကုန် ရှစ်လေးလုံး ငွေရတု နောက်ဆုံးနေ့ မြင်ကွင်းတချို့

Thursday, August 8, 2013

ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းက မြန်မာ ကွန်ဗန်းရှင်း စင်တာမှာ ကျင်းပနေ တဲ့ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် နောက်ဆုံးနေ့ဖြစ်ပါတယ်။ 


 ရှစ်လေးလုံး ငွေရတု အခမ်းအနား နောက်ဆုံးနေ့တွင်တွေ့ရတဲ့ ဦးမင်းကိုနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ 

အခမ်းအနားကို နေ့လယ် ၁၁ နာရီမှာ ကျင်းပပြီး အခမ်းအနား မစတင်ခင် ရဟန်း သံဃာတော်များကို ဆွမ်းကပ်လှူခဲ့ကြပါတယ်။ နေ့လယ်ပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ 
ဒေါ်အောင်ဆန်းစုကြည်လည်း အခမ်းအနားကို တက်ရောက်လာခဲ့ပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ 

ဒီကနေ့ အခမ်းအနားမှာ တက်ရောက်လာသူ စုစုပေါင်း ၃ သောင်း လောက် ရှိမယ်လို့ ခန့်မှန်းရပြီး ခမ်းမထဲမှာ နေရာ မရှိလို့ အပြင်ကနေပဲ ပရိုဂျက်တာကြည့်ပြီး အခမ်းအနား တက်ရောက်လာသူတွေလည်း များပါတယ်။ 

ရွှေည၀ါ ဆရာတော်အပါအ၀င် ထင်ရှားတဲ့ ဆရာတော်တချို့လည်း တက်ရောက်လာကြပါတယ်။ ဒီကနေ့ အခမ်းအနားမှာ ကြံ့ခိုင်ရေးပါတီက ဦးဌေးဦးနဲ့ ဦးသိန်းဇော်တို့လည်း တက်ရောက်လာသလို မက်စ် သူဋ္ဌေးကြီး ဦးဇော်ဇော်လည်း တက်ရောက်လာပါတယ်။ 

ဒီကနေ့ မြင်ကွင်းတွေထဲက တချို့ကို ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved