ကမ္ဘာ့ ပထမဆုံး တွစ်တာဟိုတယ်

Sunday, August 11, 2013

 -
 
အထင်ကရ နာမည်တွေ၊ တံဆိပ်တွေ ဆိုရင် ကမ္ဘာအရပ်ရပ် လုပ်ငန်းရှင်တွေက ယူသုံးကြပါတယ်။
အခုလည်း တွစ်တာရဲ့ အရှိန်အ၀ါကို ဟိုတယ်တခုက ယူသုံးနေပါပြီ။


(ဟိုတယ်ရဲ့ ၀က်ဆိုက်မှာ တင်ထားတဲ့ ပုံများထဲက တပုံ)

စပိန်နိုင်ငံ Majorca ကျွန်းမှာရှိတဲ့ ဟိုတယ်တလုံးကတော့ နာမည်ကို မယူပါဘူး။
သူ ယူသုံးနေတာကတော့ အရှိန်အ၀ါ ဖြစ်ပါတယ်။

တခြားဟိုတယ်တွေမှာ ၀န်ထမ်းကို ဆက်သွယ်ဖို့၊ ဧည့်သည်အချင်းချင်း ဆက်သွယ်ဖို့အတွက် တယ်လီဖုန်းကို သုံးပါတယ်။ သို့သော်လည်း ...
Sol Wave House လို့ အမည်ရတဲ့ အဲဒီဟိုတယ်မှာတော့ တွစ်တာကို သုံးကြဖို့ ဖန်တီးပေးထားလေရဲ့။

တွစ်တာဆိုတာ Facebook လိုမျိုး နာမည်ကျော်တဲ့ အွန်လိုင်း လူမှုကွန်ရက်တမျိုးပါ။
အနောက်နိုင်ငံများမှာ အင်မတန် သုံးကြတဲ့အတွက် ဒီဟိုတယ်ရဲ့ ထွင်ချက်က သူတို့ဆီမှာ သဘောကျစရာ ဖြစ်နေကြဖွယ်ရှိပါတယ်။


ပင်လယ်ကမ်းခြေနားက အဲဒီဟိုတယ်မှာ တွစ်တာ သုံးရေး၊ အွန်လိုင်းတက်ရေးအတွက် ကြိုးမဲ့အင်တာနက် အခမဲ့ ရပါလိမ့်မယ်။

မြန်မာတွေနဲ့ တွစ်တာ အသုံးပြုမှု  http://blog.irrawaddy.org/2013/07/blog-post_2.html

 ဧည့်သည်တွေက ကိုယ့်ရဲ့တွစ်တာအကောင့်ထဲဝင်ပြီး ဟိုတယ်က လုပ်ထားတဲ့ အထူးအစီအစဉ်တွေမှာ ပါဝင်နိုင်ကြပါတယ် တဲ့။
သူတို့ပစ်မှတ်ထားတဲ့ အွန်လိုင်းသုံးလူငယ်များကို သေချာပေါက် ဆွဲဆောင်နိုင်မယ့် ထွင်ချက် ဖြစ်မှာပါ။


ကမ္ဘာ့ ပထမဆုံး တွစ်တာဟိုတယ်လို့ ဆိုနိုင်မယ့် ဒီဟိုတယ်ရဲ့ တွစ်တာအကောင့်ကို လိုက်နေသူ အခုဆိုရင် တထောင်ကျော် ရှိပါတယ်။

အနောက်တိုင်းမှာပဲ သူ့ရဲ့ ဟိုတယ်ခွဲတွေ ရှိပါတယ်။
သို့သော်လည်း ဒီတခုကိုပဲ တွစ်တာနဲ့ အလှဆင်ထားဟန်တူပါတယ်။



 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved