ကင်တာနာကို ဦးသိန်းစိန် လက်ခံတွေ့ဆုံဖို့ လုံးဝ မရှိဟု ဆို

Tuesday, August 20, 2013

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနာကို သမ္မတ ဦးသိန်စိန်အနေနဲ့ လုံးဝ ( လုံးဝ) တွေ့ဆုံရန် အစီအစဉ် မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဖေ့စ်ဘုတ်ကတဆင့် အသိပေးလာပါတယ်။ 



နိုင်ငံတော်သမ္မတကြီးနဲ့ မစ္စတာ ကင်တားနား တွေ့ဆုံဖို့ ရှိသလားလို့ သတင်းဌာနတွေက ဆက်သွယ်
မေးမြန်းလာကြပါတယ်။

သမ္မတကြီးအနေနဲ့ ကင်တားနားကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် လုံးဝ ( လုံးဝ) မရှိကြောင်း အသိပေး တင်ပြအပ်ပါတယ်။


မစ္စတာ ကင်တာနာအနေနဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး သက်ဆိုင် ရာ မြန်မာအစိုးရနဲ့ တာဝန်ရှိသူတွေကို အကြံပြု တင်ပြသွားဖို့ ရှိတယ်လို့ သူ့ခရီးစဉ်အတွင်းမှာလည်း  မကြာ ခဏ ပြောခဲ့ပါတယ်။ 

မစ္စတာ ကင်တာနာကို ယမန်နေ့ညကလည်း မတည်ငြိမ်မှုများဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့မှာ မြို့ခံတချို့က သူ့ရဲ့ အစီရင်ခံစာ မမျှမတဖြစ်တယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြမှုတွေလည်း  လုပ်ဆောင်ခဲ့ကြပါသေးတယ်။ 
ကင်တာနာဟာ နောက်ထပ်မတည်ငြိမ်မှုဖြစ်ပွားခဲ့ရာ  လားရှိုးမြို့ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ 


အလားတူ စစ်တွေမှာတုန်းကလည်း ကင်တာနာကို ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်း က ကင်တာနာက မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့်ရတာ ကောင်းတဲ့ လက္ခဏာဖြစ်တယ် လို့ ပြောခဲ့ပါ တယ်။  
အဲဒီနောက် ကချင်ပြည်နယ် ခရီးစဉ်အတွင်း KIA ဋ္ဌာနချုပ် လိုင်ဇာကို သွားခွင့်မရခဲ့ပါဘူး။ ချင်းပြည်နယ် ခရီးစဉ်တော့ သွားခဲ့ပြီး ဒေသခံတွေ၊  ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့ပါသေးတယ်။ 

ကင်တာနာရဲ့ အခု ၁၀ ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ် သက် လို့ တွေ့ရှိချက်တွေကို  လာမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံကို တင်သွင်းသွားမှာလည်းဖြစ်ပါ တယ်။





 အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved