ကိုထင်ကျော် အပါအ၀င် ၄ ဦး ပုဒ်မ ၅၀၅ နဲ့ ဖမ်းပြီး အင်းစိန်ထောင်ပို့

Friday, August 2, 2013

နိုင်ငံရေး အကျဉ်းသားဟောင်း ကုန်ဈေးနှုန်း ကျဆင်းရေး ကိုထင်ကျော်အပါအ၀င် ၄ ဦးဟာ ယနေ့မှာတော့ အင်းစိန် အကျဉ်းထောင်ကို ရောက်သွားပါပြီ။ 


အခုတော့ ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပ ရဲစခန်းကနေ နိုင်ငံတော်အား အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီး အင်းစိန်အကျဉ်းထောင်ကို အပို့ခံလိုက်ရတာဖြစ်တယ်လို့ ကိုထင်ကျော်နဲ့ ရင်းနှီးတဲ့သူ တဦးက ဧရာဝတီကို ပြောပါတယ်။ 
"အရှေ့ပိုင်း ခရိုင် ရဲမှူးက ကိုထင်ကျော်နဲ့ ဦးလူအေး၊ ဦးမြင့်နိုင်၊ ဒေါ်စိန်ထွေးတို့ ၃ ဦးကို မြောက် ဥက္ကလာ ရဲစခန်းမှာ ဆွေးနွေးမယ်ဆိုပြီး ခေါ်သွားခဲ့ရာက အခုလို ပုဒ်မ ၅၀၅ ( ခ) နဲ့ အရေးယူခံလိုက်ရတာ"လို့ သူက ပြောပါတယ်။

တကယ်တော့ ကိုယ်ထင်ကျော်ဟာ စားသောက်ဆိုင်ပိုင်ရှင် ငွေကြေး ချမ်းသာ ကြွယ်ဝသူ ဦးအိုက်လင်းရဲ့ မတရား မြေသိမ်းဆည်းမှုကျူးလွန်တယ်ဆို ပြီး အမှန်တရားကို ထောက်ပြပြီး တိုင်ကြားခဲ့ပေမယ့် အစိုးရက အရေးမယူခဲ့လို့ မူလ မြေပိုင်ရှင်တွေကို အားပေး ကူညီတဲ့အနေနဲ့ ဆန္ဒဖော်ထုတ်ခဲ့တာကို အခုလို အပြစ်
ပေး အရေးယူ ခံလိုက်ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ သြဂုတ်လ ၁ ရက်နေ့ကပဲ ဒီနှစ်ကုန်ရင် နိုင်ငံရေး အကျဉ်းသားဆိုတာ တယောက်မျှ မရှိစေရတော့ဘူးလို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ရေဒီယို မိန့်ခွန်းက တဆင့် ထပ်လောင်း ကတိပေး လိုက်ပါသေးတယ်။ 



အိမ့်သံစဉ် ~

 ဆက်စပ်သတင်း 

နိုင်ငံရေး အကျဉ်းသား နှစ်ကုန်ပိုင်း၌ လုံးဝ မရှိစေရဟု ဦးသိန်းစိန် ထပ်ကတိပေး

1 comments :

  1. Anonymous said... :

    president N.A.T.O is a very good follower, but is will never be a good leader. He just listens whatever his boss says.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved