၁၉၈၈ ကာလ စစ်ထောက်လှမ်းရေးရဲ့ဌာနတွင်းပေးစာ?

Saturday, August 3, 2013

.


စစ်ထောက်လှမ်းရေးညွှန်မှူး ဗိုလ်မှူးကြီးခင်ညွန့် ဆိုတဲ့ လက်မှတ် ပါဝင်တဲ့ ၁၉၈၈ သြဂုတ် ၂၂ ရက်စွဲတပ် ထိပ်တန်းလျှို့ဝှက်စာတစောင် အကြောင်း အွန်လိုင်းမှာ လူပြောများနေပါတယ်။

ပြည်သူလူထု တွေဝေခြောက်ခြားစေဖို့ နည်းမျိုးစုံသုံးဆောင်ရွက်ပါ လို့ ရေးထားတဲ့စာပါ။
နိုင်ငံတဝန်း စစ်ထောက်လှမ်းရေးတပ်တွေကို ပေးပို့တဲ့ပုံစံပါ။

ဒီစာကို အစစ်အမှန်လို့ ယူဆသူတွေ ရှိပါတယ်။
အတုကြီးပါကွာ။
အစစ်အမှန်လို့ထင်အောင် ဖန်တီးထားတဲ့စာပါလို့ ပြောသူလည်း ရှိပါတယ်။
သိပ်မကြာသေးခင်က ဦးခင်ညွန့်နဲ့ တွေ့ဆုံရာမှာ  ၁၉၈၈ ဒီမိုကရေအရေး လှုပ်ရှားမှုကာလ ဖြစ်ရပ်များနဲ့ ပတ်သက်လို့ မေးမြန်းပါတယ်။  သူက ဖြေကြားဖို့ ငြင်းဆန်ပါတယ်။

ဒီစာ အစစ်လား၊ အတုလား ဆိုတာ  သူနဲ့ သူ့လက်ထောက်များကတော့ သေချာပေါက် သိကြမှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း ဧရာဝတီက အဆက်မပြတ် တင်ပြနေရာမှာ မနေ့က အွန်လိုင်း တင်လိုက်တဲ့   ဒေါက်တာ ဝင်းဇော်၊ ကိုကို (ကိုကို – စက်မှုတက္ကသိုလ်) ၊ ဒါရိုက်တာ မောင်မိုးသူ တို့ရဲ့ ပြောဆိုချက်တွေကို ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖတ်နိုင်မှာ ဖြစ်ပါတယ်။ လိပ်စာက http://burma.irrawaddy.org/archives/45525 ဖြစ်ပါတယ်။




.

6 comments :

  1. Anonymous said... :

    လွန်ခဲ့တဲ့ ၂၅ လောက်ကစာကို...ဘာလို့အခုမှဖေါ်ပြ၇တာလဲ..မဖေါ်ပြလဲခင်ညွန့်အမိန့်နဲ့လုပ်တာ....လူတိုင်းသိနေတာဘဲ။။ဒီစာကို...online ပေါ်တင်တော့...ဘာဖြစ်လာမလဲ? online ပေါ်တင်လိုက်လို့..ဆုတံဆိပ်များ၇မယ်ထင်လို့လား။ကြောင်တောင်တောင်နဲ့။

  1. Lu Lay said... :

    မြန်မာ့တပ်မတော်ထောက်လှမ်းရေး က မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရေးအတွက် လူထုစိတ်ဓါတ်တုန်လှုပ်ခြောက်ခြားစေရန် နည်း အမျိုးမျိုးသုံး လုပ်ဆောင်ခဲ့ကြတာ နည်းနည်းလေးစဉ်းစားတတ်သူတိုင်း အသိ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဗုံးပေါက်ပြန်ပြီ၊ ဘယ်နေရာမှာ ဘာသာရေး အရေးအခင်းဖြစ်နေပြီ၊ စတဲ့ကောလဟလတွေကို ဖြန့်ခဲ့တာတွေကို သူတို့ရဲ့ အဆက်အနွယ်တွေက လည်း အခုထက်ထိ လုပ်ဆောင်ဆဲပဲဖြစ်ပါတယ်။
    အခုလို အထောက်အထားတွေကို အတတ်နိုင်ဆုံး ဖော်ထုတ်ပေးတဲ့ သူတွေကို ကျေးဇူးအထူးတင်ပါတယ်။
    ဒါမှသာ နောင်လာနောက်သားတွေဟာ စက်ဆုတ်ရွံရှာဘွယ်ကောင်းလှတဲ့ စစ်အာဏာရှင်စနစ်ကို ရွံမုန်းကြမှာဖြစ်ပါတယ်။

  1. Anonymous said... :

    အကိုရေ..အဲ့ဒီသတင်းနဲ့ဆက်စပ်တဲ့အောက်ပါ ဆောင်းပါးလေး "လိမ်ရင်လဲ.ပိပိရိရိ..လိမ်" ဆိုတဲ့ဟာ လေးပါခင်ဗျာ.. စိတ်ဝင်စားဖို့ကောင်းပါတယ်..... ယှဉ်တွဲဖတ်ကြည့်ပြီး..reader တွေ ကိုယ်ပိုင် ဦးဏှောက် ..common sense နဲ့ ဘယ်ဟာက အမှန်ဖြစ်နိုင်မလဲ ဆင်ခြင်နိုင်ကြမယ်လို့ ထင်ပါတယ်။
    ဒီအောက်ကလင့်ကိုဖတ်ပါနော်...
    http://shwenewnews.blogspot.com/2013/08/blog-post_9091.html

    သင့်ခ်ယူ

  1. Lu Lay said... :

    ယခင် မြန်မာ့တပ်မတော်ထောက်လှမ်းရေး အခု တပ်မတော်စစ်ဘက်ရေးရာလုံခြုံ ရေး သူတို့ရဲ့ စိတ်ဓါတ်တွေအကုန်အတူတူပဲ။
    အခုစာ ဟာ အစစ်လို့ ယူဆနိုင်တဲ့ အကြောင်း အများ ကြီးရှိ ပါတယ်။
    သူတို့ရဲ့လုပ်ရပ်ဒါ့ထက် အများကြီးဆိုးတာတွေရှိပါတယ်။
    မြန်မာနိုင်ငံတော်ကြီးဆင်းရဲမွဲတေ ချွတ်ခြုံကျ ကမ္ဘာ့ အောက်ဆုံးရောက်ရတာ သူတို့ က စစ်အာဏာရှင် စနစ်သက်ဆိုးရှည်အောင်လုပ်ခဲ့ကြလို့ ဖြစ်ပါတယ်။

  1. Anonymous said... :

    "Anonymous
    August 8, 2013 at 7:07 PM" ဆိုတဲ့ကောင်က ဝါဒဖြန့်ဝက်ဘ်ဆိုဒ်ကလင့်ခ်ပေးပြီး ဝေဝါးအောင်လုပ်သွားတာပဲ။

    များများဖတ်စရာမလိုပါဘူး။
    ကုန်သွယ်ရေးရုံးစောင့်တဲ့ တပ်စိတ်တစ်စိတ်စာ (၁၁ ယောက်)ရဲ့လက်နက်တွေ အရပ်သားတွေလက်ထဲ ရောက်သွားရုံလောက်နဲ့ အမြန်ထိန်းသိမ်းဖို့ အာဏာသိမ်းလိုက်ရပါတယ် - ဆိုကတည်းက အတော့်အတော်ကို လွဲနေပြီ။ ကျန်တာတွေကို တစ်စချင်းဆွဲဖဲ့လို့၇ပေမယ့် လူတိုင်းလိုလို တွေးဆတတ်တယ်ယူဆလို့ အချိန်ကုန်မခံတော့ဘူး။

    လိမ်ရင်လည်း ပိပိရိရိလိမ် - ဆိုတာ အဲဒီစာရေးတဲ့လူကိုသာ ပြန်ပြောရမှာ။

  1. Anonymous said... :

    ဦး နှောက် မ ရှိ သူ များ သည် သူ တစ် ပါး အ လိမ် အ ညာ ခံ ရ မြဲ ဖြစ် ပါ သည် တပ် မ တော် တွင် ထို သို့ စာ သား အ ရှည် မ သုံး ပါ တပ် မ တော် ကို အ ပြစ် တင် လို ခြင်း ရည် ရွယ် ချက် ဖြင့် အ တု အ ယောင် ဖန် တီး ထား သော စာ ဖြစ် ပါ သည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved