အင်ဒိုကျောင်းသူတွေ အပျို စစ် မစစ် စမ်းသပ်ဖို့ အဆိုပြုချက်

Thursday, August 22, 2013

~

အင်ဒိုနီးရှားနိုင်ငံ စူမတ်တြားကျွန်းမှာရှိတဲ့ ပညာရေးဆိုင်ရာ အရာရှိတယောက်ရဲ့ အဆိုပြုချက်က မသင့်တော်၊ ကျင့်ဝတ်နဲ့မညီတာကြောင့် ပယ်ချလိုက်ပါတယ်။
သူ့အဆိုပြုချက်ကတော့ အထက်တန်းကျောင်း ကျောင်းသူတွေ အပျိုစစ် မစစ် စမ်းသပ်စစ်ဆေးရမယ်၊ ဒါမှ အရွယ်မတိုင်ခင် လိင်ဆက်ဆံမှုတွေကို ဟန့်တားနိုင်မယ်၊ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှာကို ဟန့်တားနိုင်မယ် ဆိုတာပါပဲ။


၂၀၀၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ West Sumatra ခရိုင်၊ Padan မြို့က အထက်တန်းကျောင်း ကျောင်းသူများ အိမ်ပြန်ဖို့ ကားစောင့်နေပုံ (photo - Reuters)
 
ပညာရေးဌာန အရာရှိဖြစ်တဲ့ Muhammad Rasyid က ဒါကို လာမယ့်နှစ်မှာ စမ်းသပ်ချင်တယ်၊ စမ်းဖို့အတွက် ဘတ်ဂျက် တောင်းထားပြီးပါပြီ ဆိုပဲ။

သို့သော်လည်း တခြား အရာရှိတွေ၊ လှုပ်ရှားတက်ကြွသူတွေကတော့ ဒီအစီအစဉ်ကို ဝေဖန်နေကြပါတယ်၊ ဒါဟာ ခွဲခြားဆက်ဆံရာရောက်မယပ်၊ လူ့အခွင့်အရေး ချိုးဖောက်ရာရောက်မယ် တဲ့။

Twitter လိုမျိုး၊ ပြီးတော့ Facebook လိုမျိုး အွန်လိုင်းလူမှုကွန်ရက်တွေမှာတော့ ဒါကို ဒေါသတကြီး တုန့်ပြန်နေကြတာပါ။
တချို့ကဆိုရင် ဒါဟာ ကလေးသူငယ်တွေကိုအကြမ်းဖက်မှုပုံစံမျိုးဖြစ်တယ်၊ ကျောင်းသူတွေကို စိတ်ဒဏ်ရာရစေမယ်လို့ ပြောနေကြတာပါ။

ခရိုင် ပညာရေးဝန် Widodo ကတော့ ဒီအစီအစဉ်ပြန်ရုပ်သိမ်းဖို့ ဟိုလူ့ကို ဖြောင်းဖြပါမယ် တဲ့။

"ဒီလိုစမ်းသပ်တာမျိုးလုပ်မယ့်အစား တခြား အရေးတကြီးလုပ်ရမှာတွေအများကြီးရှိတယ်၊ အသုံးကျတဲ့အလုပ်တွေ ရှိပါတယ်။ ကျောင်းသူကျောင်းသားတွေဆိုတာက သူတို့ကို ပျိုးထောင်ရမှာပါ၊ သူတို့ကို စီရင်ချက်ချရမှာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။

ဂျကာတာမြို့တော်မှာရှိတဲ့ Aris Merdeka Sirait ကလည်း ဒီအစီအစဉ်ကို သဘောမတူပါ။
သူကတော့ ကလေးသူငယ်အကာအကွယ်ပေးရေး အမျိုးသား ကော်မရှင်က ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ “ပေါ်ပြူလာဖြစ်ချင်လို့” ပေါ်လာတဲ့ အစီအစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

Loss of virginity is not merely because of sexual activities. It could be caused by sports or health problems and many other factors,” Sirait said. “We strongly oppose this very excessive move.”

အပျိုရည်ပျက်တယ်လို့ဆိုကြတာတွေက လိင်ကိစ္စကြောင့်ချည်းပဲ မဟုတ်ပါဘူး။
အားကစားလုပ်လို့ ဖြစ်နိုင်သလို ကျန်းမာရေးပြဿနာကြောင့်လည်း ဖြစ်နိုင်တယ်၊ တခြားသော အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်တာပါပဲ။
အတော်လေးကို မသင့်လျော်တဲ့အတွက် ဒီအစီအစဉ်ကို အပြင်းအထန် ကန့်ကွက်ပါတယ် တဲ့။

http://www.irrawaddy.org/archives/42441 မှာ တွေ့ရတဲ့ သတင်းပါ။ ခေါင်းစဉ်က VirginityTest Proposed for Indonesian Students ဖြစ်ပါတယ်။





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved