~
တက္ကသိုလ်များဘောလုံးပြိုင်ပွဲ ကျင်းပဖို့
တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ဘောလုံးအသင်းကိုယ်စားလှယ်တွေ မကြာခင်က နေပြည်တော်ကို သွားရတယ်လို့ သိရပါတယ်။
အစည်းအဝေးခေါ်သူက ဖိုးလပြည့် လို့ ထင်ရှားတဲ့ နေရွှေသွေးအောင် ဖြစ်ပါတယ်။
ဒီဘောလုံးပွဲကြီးကို သူက ကြီးကြပ်ပါလိမ့်မယ်။
ဖွင့်ပွဲလုပ်တဲ့အခါ ဘောလုံးအသင်းတွေ စုံစုံညီညီ ချီတက်ကြမယ်၊ အသင်းရှေ့မှာ အသင်းအမည်ရေးထားတဲ့ဆိုင်းဘုတ်ကိုင်သူတွေကတော့ ထုံးစံအတိုင်း အမျိုးသမီးတွေပဲ ဖြစ်ရမှာပါ။
ဆိုင်းဘုတ်ကိုင်ကြမယ့် အစီအစဉ်အတွက် တက္ကသိုလ်တခုကို မိန်းကလေး ၂ ယောက်စီ ရွေးမယ်လို့ သိရပါတယ်။
မန်ယူအသင်းဝယ်မလိုလို သတင်းထွက်ခဲ့တဲ့ ဖိုးလပြည့်က ဘောလုံးပွဲကို အမှန်အကန် နှစ်သက်သူလို့ ဆိုနိုင်ပါတယ်။
ဟူဂိုရှာဗက်အတွက် ဖိုးလပြည့် ကြေကွဲရ
http://blog.irrawaddy.org/2013/03/blog-post_931.html
ဦးသန်းရွှေမြေးလက်သံပြောင်မှု ယာဉ်ထိန်းရဲ အတည်ပြု
http://blog.irrawaddy.org/2013/04/blog-post_12.html
နေရွှေသွေးအောင် နောက်ဆက်တွဲ
http://blog.irrawaddy.org/2011/11/blog-post_2190.html
စိတ်ဝင်စားမယ်ဆိုရင် ဖတ်သင့်တဲ့ ပို့စ်တွေကတော့ အထက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ဖိုးလပြည့် Facebook မှာ တင်ထားတဲ့ ပုံတပုံ
.

သူ့ ကုမြန်မာနိုင်ငံဘောလုံးအဖွဲ့  ဥက္ကဋ္ဌ နေရာပေးဖို့  အဆိုပြုပါတယ်။