ယုံပါပြီ

Saturday, September 14, 2013

 ~


အမေရိကန်ရှိ စစ်သင်တန်းတစ်ခုတွင်...
သေနတ်ကို တစစီဖြုတ်ပြီး ပြန်တပ်ဆင်ခြင်း သင်ခန်းစာကို ဗိုလ်ကြီးက ပို့ချနေတယ်။

ပြီးတာနဲ့ ရဲဘော်လေးတစ်ယောက်ကို လက်တွေ့လုပ်ခိုင်းတယ်။
 -


ရဲဘော်လေးခမျာ ယောင်နနနဲ့ မလုပ်တတ်ဘူးဖြစ်နေတယ်။

ဒါကိုကြည့်ပြီး ဗိုလ်ကြီးလည်း စိတ်မရှည်တော့ဘူး။

"ဖယ်စမ်း ရဲဘော်၊ ဒါလေးများ နလပိန်းတုံးတွေတောင် လုပ်တတ်တယ်"... ဆိုပြီး သူကိုယ်တိုင် ဖြုတ်/တပ် လုပ်ပြလိုက်တယ်။

ပြီးတာနဲ့ ရဲဘော်လေးကို လှည့်ကြည့်ပြီးမေးတယ်... ...

"ဘယ်လိုလဲ ......... ရဲဘော်"

ဒီတော့ ရဲဘော်လေးက ပြန်ဖြေလိုက်တယ်... ...

"နလပိန်းတုံးတောင် လုပ်နိုင်တယ်ဆိုတာ ယုံပါပြီ ဗိုလ်ကြီး"... တဲ့။


(သန်၎ကို ပေါက်ကရရေးသည်)


 

(သန်၎ကိုရဲ့ ဟာသများကို http://blog.irrawaddy.org/search/label/Than%20Lay%20Ko မှာ ဖတ်နိုင်ပါပြီ)

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved