အရှုံးခံပြီး ထုတ်နေကြတဲ့ ပုဂ္ဂလိကသတင်းစာများ

Wednesday, September 4, 2013

 ~


မြန်မာပြည်မှာ ပုဂ္ဂလိကသတင်းစာတွေ အများအပြား ထွက်နေပါပြီ။ ဘယ်သတင်းစာက တွက်ချေကိုက်ပါသလဲ။
ဘယ်သတင်းစာမှ ငွေအမြတ်အစွန်း မရှိဘူး၊ အရှုံးခံပြီး ထုတ်နေကြတာပဲ လို့ ရန်ကုန်တိုင်းမ် သတင်းစာ ထုတ်ဝေသူ ဦးကိုကိုက ဧရာဝတီကို ပြောပါတယ်။


စောင်ရေက တသောင်း နဲ့ သုံးသောင်းကြားပဲ ရှိတယ်၊ အဲဒါထက် ပိုတယ်လို့ ပြောလာရင်တော့ အဲဒီလူက လိမ်နေတာပဲ လို့ ဦးကိုကိုက ရှင်းပြပါတယ်။

ရန်ကုန်တိုင်းမ်မှာ အသစ်ခန့်ထားတဲ့ ဘွဲ့ရလူငယ်တွေက သတင်းအတွေ့အကြုံ မရှိဘူး၊ သူတို့ကို လုပ်ငန်းခွင်သင်တန်း ၃ လ ပေးတယ်လို့ ဦးကိုကိုက ပြောပါတယ်။

စာနယ်ဇင်းဘာသာရပ်နဲ့ကျောင်းပြီးသူတွေကို အလုပ်ခန့်ထားတာ မရှိဘူးလို့ ဆိုပါတယ်။
စာနယ်ဇင်းကျောင်း သင်ရိုးညွှန်းတမ်းထဲမှာ ရယ်စရာကောင်းတာတွေ ပါတယ် - “We don’t take people from the one journalism school here [in Burma], there is funny stuff on the curriculum,” လို့ သူက ဆက်ပြောပါတယ်။

ဒီကနေ့ခေတ် လူငယ်စာဖတ်သူများက သတင်းဆိုရင် ခေါင်းစဉ်လောက်ပဲ ဖတ်ချင်တယ်၊ ဖေ့ဘုတ်မှာ တွေ့ရတဲ့ အတိုတွေပဲ ဖတ်ကြတယ်၊ သေချာ ရေးထားတဲ့ ဆောင်းပါးတွေ၊ အသေးစိတ်ရေးထားတာတွေဆို မဖတ်ချင်ကြဘူးလို့ ဦးကိုကိုက ပြောပါတယ်။

ဒါကတော့ ဧရာဝတီ ပင်မ စာမျက်နှာမှာ ရှိတဲ့ For Burma’s New Newspapers, a Daily Struggle to Profit သတင်းထဲက ကောက်နုတ်ထားတာပါ။

http://www.irrawaddy.org/archives/42826 မှာ ဖတ်နိုင်ပါတယ်။

သတင်းထဲမှာ Empire နေ့စဉ် သတင်းစာကို ထုတ်နေတဲ့  ဦးကောင်းမြင့်ထွဋ်၊ 7Day သတင်းစာ ထုတ်နေတဲ့ ဦးသောင်းစုငြိမ်းတို့ရဲ့ အသံများကိုလည်း စုစည်းထားတာ တွေ့ရမှာပါ။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် လိုင်စင် ၃၁ ခု ချထားပေးပြီးပြီ၊ အခုချိန်အထိတော့ နေ့စဉ် ပုဂ္ဂလိကသတင်းစာ ထွက်နေတာ ၁၂ စောင် ရှိပါတယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဧရာဝတီကို ပြောပါတယ်။


 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved