ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရေး ဆွေးနွေးပွဲ

Thursday, September 19, 2013

~

 ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးဟောပြောပွဲကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှ ရွေဂုံတိုင်လမ်း ဗဟန်းအားကစားကွင်းအနီးမှာရှိတဲ့ M(3) Food Center မှာ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။




ထိုဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးမှာကတော့ ပါမောက္ခ ဒေါက်တာ ရရ်ရှားပါးဂိုင်း( Yash Pal Ghal) ဆွေးနွေးမှာဖြစ်ပြီး Yangon School of Political Science ဆိုတဲ့ ကျောင်းက ကမကထ ပြုလုပ်တာ ဖြစ်ပါတယ်။

ထိုဆွေးနွေးပွဲမှာတော့ ပါမောက္ခ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လိုမှ  မြန်မာလို ဘာသာ ပြန်ပေးမှာလည်းဖြစ်ပါတယ်။



ပါမောက္ခ ရာရှ်ဂိုင်း ရဲ့ ကိုယ်ရေးအ ကျဉ်းကတော့ 

ပါမောက္ခ ရာရှ် ဂိုင်း ( Yash Pal Ghai) ကို ၁၉၃၈ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ မွေးဖွားခဲ့တယ်။ 

အောက်စဖို့ဒ် တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ်တို့တွင် ဥပဒေပညာသင်ယူခဲ့တယ်။ 

University of Warwick, Uppsala University (Sweden), International Legal Center(New York), University of the South Pacific, University of Wisconsin, University of Toronto, University of Melbourne, National University of Singapore နှင့် Yale Law School ကို ဥပဒေပညာရပ်များကို ပို့ချခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် University of Hong Kong, Public Law ဌာနမှ Sir Y.K. Pao Professor ရာထူးဖြင့် အငြိမ်းစားယူခဲ့ပါတယ်။

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved