ဒီတပါတ် Dateline Irrawaddy အစီအစဉ် အနေနဲ့ စစ်တပ်အာဏာသိမ်းတဲ့ ၂၅ နှစ်ပြည့်တဲ့ အချိန် မှာ မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ၊ အနာဂတ်မှာ တပ်မတော် အဆင့်တန်းရှိပြီး professionalize ဖြစ်ဖို့အတွက် ဘာတွေလုပ်ဖို့လိုသလဲ???
နိုင်ငံရေး ပါတီတွေကလည်း တိုင်းပြည်ကို ကောင်းစွာ စီမံအုပ်ချုပ်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကိုကျော်စွာမိုး နဲ့အတူ ဗဟုဖွံ့ဖြိုးရေးအဖွဲ့က အရပ်ဖက်၊ စစ်ဖက် လေ့လာသူ ကိုဝင်းမင်း၊ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း တို့က ပါဝင်ဆွေးနွေးထားပါတယ်။

ပြည်တွင်းစစ်ရှိနေသ၍တပ်မတော်၏အခန်းကန္တလျော့လိမ့်မည်မထင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တပ်မတော်မှလေးစားသောနိုင်ငံရေးသမားများ များများပေါ်ပေါက်လာဘို့လိုပါသည်။ သက်ရှိထင်ရှား အာဏာရှင်များ မြန်မာ့နိုင်ငံရေးလောကတွင်ရှိနေသ၍ တပ်မတော်အခန်းကန္တရှိနေမည် ဟုယူဆပါသည်
အောင်လင်းထွဋ်