ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တွေ့ဆုံ

Monday, September 23, 2013

 ~



ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က စင်္ကာပူမှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတုန်း ရိုက်ထားတဲ့ ဓာတ်ပုံကို လွန်ခဲ့တဲ့ ၉ နာရီလောက်က သူ့ရဲ့ ဓာတ်ပုံကွန်ရက်စာမျက်နှာ instagram မှာ တင်လိုက်ပါတယ်။


(သက်ဆင်ရဲ့ 
instagram မှာ တွေ့ရတဲ့ဓာတ်ပုံ။)

ဒီအကြောင်း အစပြု ဖော်ပြတာကတော့ ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်း စာမျက်နှာ ဖြစ်ပါတယ်။ အဲဒီမှာ ရေးထားတာက ... ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှာ သက်ဆင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်မထင် တွေ့ကြပါတယ် တဲ့။

ဒေါ်အောင်ဆန်းစုကြည်က တော်တော်လေး ကျန်းကျန်းမာမာ ရှိတယ်၊ လို့လည်း သက်ဆင်က ရေးထားပါသေးတယ်။ အမှတ်မထင် တွေ့ကြတယ် ဆိုတော့ စက္ကန့်ပိုင်း မိနစ်ပိုင်းလောက်ပဲ ကြာမယ်လို့ ယူဆရပါတယ်။

သက်ဆင်ကာ သူ့သမီးနှစ်ယောက်၊ သားမက်တို့ကို တွေ့ဖို့ စင်္ကာပူ ရောက်နေတာပါ တဲ့။

သက်ဆင်က  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း ပြင်ဦးလွင် (မေမြို့)မှာ တွေ့ခဲ့ပါသေးတယ်။ အဲဒီအကြောင်း http://www.irrawaddy.org/archives/32345 မှာ ပြန်ဖတ်နိုင်ပါတယ်။

သက်ဆင် နဲ့ ပတ်စ်ပို့ 
http://blog.irrawaddy.org/2011/12/blog-post_5756.html

ဘန်ကောက်မှာ အငြင်းပွားနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း

http://blog.irrawaddy.org/2013/08/blog-post_7258.html
တို့ဟာ ဆက်စပ်ဖတ်သင့်တဲ့ပို့စ်တွေပါပဲ။ 

သက်ဆင်က 
စစ်တပ်အာဏာသိမ်းမှုတခုမှာ ဝန်ကြီးချုပ်ရာထူး ဆုံးရှုံးသွားတာ ဖြစ်ပြီး အခုနေ ပြည်တော်ပြန်ရင် ထောင်နန်းစံရဖွယ် ရှိပါတယ်။
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved