ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင် ထပ်ဖြည့်

Saturday, September 7, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှာ နောက်ထပ် အဖွဲ့ဝင် ထပ်မံ ဖြည့်စွက်တာကို သမ္မတ ဦးသိန်းစိန်က မနေ့က လက်မှတ်ထိုးပြီး တာဝန်ပေးစာ ထုတ်ပြန်လိုက်ပါတယ်။ 




ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီမှာ ပြည်ထောင်စု ၀န်ကြီး ၂ ပါး ဖြစ်တဲ့ ဦးဇေယျာအောင်နဲ့ ဦးဝင်းမြင့်တို့ ၂ ဦးကို ထပ်မံဖြည့်စွက်လိုက်တာကို စက်တင်ဘာလ ၆ ရက်
နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။ 

 အမိန့်အပြည့်အစုံကို ပြန်ကြားရေး ၀က်ဆိုက်မှာ အခုလို ဖော်ပြထားပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၈/၂၀၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းခြင်း
နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက် နေ့စွဲပါ အမိန့်အမှတ် (၁၅/၂၀၁၃) ဖြင့် ဖွဲ့စည်းခဲ့သော “ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ” တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား  အဖွဲ့ဝင်အဖြစ် ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(၁) ဦးဇေယျာအောင်
ပြည်ထောင်စုဝန်ကြီး
(၂) ဦးဝင်းမြင့်
ပြည်ထောင်စုဝန်ကြီး
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
                                                          

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved