ရဲတွေလည်း ဥပဒေအတိုင်း နေထိုင်ရပါလိမ့်မယ်

Tuesday, September 3, 2013

 ~



ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ထဲက ရဲစခန်းတခုရှေ့နားက မြင်ကွင်းပါ။
ပုံထဲမှာ တွေ့ရတဲ့အတိုင်း ရဲသုံးတဲ့ ဆိုင်ကယ် အများစုက နံပါတ် တပ်မထားပါ။
တပ်ထားတဲ့ နံပါတ်တွေကလည်း တရားဝင်နံပါတ် ဟုတ်မဟုတ် မသေချာပါဘူး။
 



ရဲ ဆိုတာ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေကြတဲ့ အရာရှိများ ဖြစ်ပါတယ်။
ဆိုင်ကယ်ကို နံပါတ်မပါဘဲ လိုင်စင်မရှိဘဲ မောင်းနေတာကတော့ ...
၁။ ဥပဒေချိုးဖောက်ရာလည်း ရောက်ပါတယ်။
။ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကိုယ်တိုင် မလေးစားရာရောက်ပါတယ်။

ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထားတဲ့ ရန်ကုန်မှာ ပြည်သူတွေအားထားရတဲ့ရဲတွေကိုတော့ ချွင်းချက်အနေနဲ့  ဆိုင်ကယ်စီးခွင့်ပြုပါတယ်။
သို့သော်လည်း သူတို့ ဆိုင်ကယ်စီးရင် တခြားသူတွေလိုပဲ ယာဉ်စည်းကမ်းများ လိုက်နာရပါလိမ့်မယ်။

အထက်ပါပုံက ဗိုလ်တထောင်မြို့နယ်ထဲကပါ။
ရန်ကုန်က တခြားမြို့နယ်တွေမှာလည်း နံပါတ်မဲ့ဆိုင်ကယ်စီးနေတဲ့
တရားဥပဒေစိုးမိုးရေးအရာရှိတွေကို တွေ့နိုင်ပါတယ်။

ကိုယ်စီးတဲ့ဆိုင်ကယ် နံပါတ်ရဖို့ လိုင်စင်ရဖို့အတွက် စာရွက်စာတမ်းကိစ္စတွေကိုတော့ သေချာပေါက် လုပ်ရပါလိမ့်မယ်။
အများရဲ့ လေးစားမှုကို ရရှိဖို့၊ ဘောင်ဝင်ဖို့အတွက် ဆိုရင် သေချာပေါက် လုပ်ရမှာပါ။

ဆိုင်ကယ်ကို လိုင်စင်နံပါတ်အစစ် တပ်ပြီး စီးတဲ့နည်းနဲ့ ကူညီပါ လို့

တရားဥပဒေစိုးမိုးရေးဝန်ထမ်းကြီးများကို ပြောချင်ပါတယ်။
 -
ရန်ကုန်မှာ ဆိုင်ကယ်စီးရင် ဖမ်းပြီ
http://burma.irrawaddy.org/archives/47376

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီလား
http://burma.irrawaddy.org/archives/34814

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပေးသင့်၊ မပေးသင့်
http://burma.irrawaddy.org/archives/24634

 



.

1 comments :

  1. ပို့စ်လေးဖတ်ရင်း အမြင်မတော်တာလေးတွေတွေ့တွေ့နေလို့ဒီကွန်မန့်လေးကို
    ရေးသွားပါတယ်...ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုင်စင်မဲ့ယာဉ်တွေကိုစီးနေတာမဖြစ်
    သင့်ပါဘူး...နောက်တစ်ခုက တာဝန်ချိန်မှာ ရဲယူနီဖောင်းကို ၀တ်စုံပြည့်ဝတ်ဆင်
    စေချင်ပါတယ်...အခုအရပ်သားအစိုးရလက်ထက် ဆန္ဒပြမှုများကိုထိန်းသိမ်းတဲ့နေ
    ရာတွေမှာ၊ လုံခြုံရေးယူနေကြတဲ့နေရာတွေမှာ ပါဝင်ပြီးတာဝန်ထမ်းဆောင်နေကြ
    တဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ရဲယူနီဖောင်အပြည့်အစုံကိုဝတ်ဆင်ထားတာမတွေ့ရ
    ပါဘူး...အထက်ပိုင်း ၀တ်စုံပြည့်ဆင်မြန်းထားပေမယ့်ခြေထောက်မှာ စလစ်ပါဖိနပ်
    နဲ့ဖြစ်နေတာမျိုးတွေက တစ်ကယ့်ကိုမဖြစ်သင့်ပါဘူး...မြင်ရတဲ့သူအနေနဲ့ ဖားလိုလို
    ငါးလိုလိုနဲ့ ရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကိုညိုးနွမ်းစေပါတယ်...ရဲဝန်ထမ်းတစ်ယောက်ရဲ့
    လစာ၊ ထောက်ပန့်ကြေးဆိုတာ တော်တော်နည်းသလို ယူနီဖောင်းအပြည့်အစုံအ
    တွက်ပါ ရတဲ့လစာထဲကနေဖဲ့ပြီးသုံးနေတဲ့ ရဲဝန်ထမ်းတွေကိုလည်း အပြစ်မဆိုသာ
    ပါဘူး...သို့ပေမယ့်လည်း ၀န်ထမ်း(လက်နက်ကိုင်အဖွဲ့အစည်း)မို့ သာမန်ဝန်ထမ်းတွေ
    ထပ်ပိုပြီးစည်းမျဉ်း စည်းကမ်းတွေကိုလိုက်နာစေပါတယ်...လိုအပ်တဲ့အရာတွေကိုနိုင်
    ငံတော်ကထောက်ပံ့ ပေးပေါ့...ရဲဝန်ထမ်းတွေရဲ့လစာဟာသူတို့တွေအတွက်ပြည့်စုံ
    လုံလောက်နေရင် လာဘ်စားပါတယ်ဆိုတဲ့ပြဿနာလည်းအထိုက်အလျောက်တော့
    လျှော့သွားမှာပါ...ပြည်သူ့ရဲဆိုတဲ့အတိုင်း ပြည်သူတွေနဲ့တစ်သားထဲရှိနေဖို့ လည်း
    အရမ်းအရေးကြီးပါတယ်...ဒါကြောင့်ပြည်သူတွေနဲ့ဆက်ဆံတဲ့နေရာမှာ အခုထပ်ပို
    ပြီးကောင်းမွန်လိမ္မာစွာ ပြေပြေပြစ်ပြစ်ဆက်ဆံထိတွေ့စေချင်ပါတယ်...ဒါမှပြည်သူ
    လူထုရဲ့ထောက်ခံမှု၊ ယုံကြည်လေးစားမှုတွေရတော့မှာပေါ့...ငါရဲဝန်ထမ်း၊ ငါ့မှာလုပ်
    ပိုင်ခွင့်ရှိတယ်၊ ငါလုပ်ချင်လုပ်မယ် ဆိုရင်တော့ ပြည်သူတွေနဲ့ဆက်ပြီးဝေးနေအုန်း
    မှာဖြစ်သလို ပြည်သူ့ချဉ်ဖက်တွေအုန်းမှာပါဘဲ...ပုလိပ် ကနေ ပြည်သူ့ရဲ ဆိုပြီးအ
    သွင်ပြောင်းလာတာနှစ်အတော်ကြာပြီဖြစ်ပေမယ့် ပုလိပ်မူ ကတော့မပြောင်းသေးဘူး
    လို့သံသယဖြစ်မိပါတယ်...ကျွန်တော်ကတော့ပြည်သူထဲက ပြည်သူ့ရဲတွေအဖြစ်ဘဲ
    မြင်ချင်ပါတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved