ယောက်ျားလေးတွေဟာ ရောင်းကုန်ပစ္စည်း မဟုတ်

Saturday, September 28, 2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေက အမျိုးသားငယ်အများစုဟာ မြန်မာနိုင်ငံက လာကြတာပါလို့ စစ်တမ်း တခုက ဆိုပါတယ်။ 


ဓာတ်ပုံ- Urban Light

ယောက်ျားလေးတွေဟာ ရောင်းစရာ မဟုတ် ( Boys are Not 4 Sale )  ဆိုတဲ့ လှုပ်ရှားမှု တခုအနေနဲ့ A Study on Sexually Exploited Young Males စစ်တမ်းအကြောင်း ချင်းမိုင်တက္ကသိုလ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပသွားရာမှာ သုတေသန လုပ်ခဲ့သူတွေက အခုလို ပြောလာကြပါတယ်။ 

ချင်းမိုင်မြို့က လိင်ဖျော်ရေးလုပ်နေတဲ့ အမျိုးသားငယ်တွေ ရှိတဲ့ ချင်းမိုင် ညဈေး အပါအ၀င် နေရာ ၃ ခုမှာ လူတွေ့ မေးမြန်းတာတွေ လုပ်တော့ အများစုက ရှမ်းတွေဖြစ်ပြီး ကရင်နဲ့ ချင်းတချို့လည်း ပါဝင်တယ်လို့ မစ္စတာ ဂျရက်ဒေးဗစ်က ပြောပါတယ်။ 

လိင်လုပ်ငန်းဆိုရင် အများက မြင်လိုက်ကြတာက အမျိုးသမီးတွေကိုပဲ အသုံးတော်ခံအဖြစ်နဲ့ သတိထားမိကြပါလိမ့်မယ်။ 

တကယ်တော့ လိင်ဖျော်ဖြေရေး လုပ်ငန်းမှာ အမျိုးသားငယ်တွေလည်း ရှိနေတာပါ။ အမျိုးသား လိင်
ဖျော်ဖြေရေး လုပ်နေကြတာမှာ ပုံစံ ၃ မျိုး ရှိပါတယ်တဲ့။

နိုင်ငံခြားသူတွေ အပါအ၀င် အမျိုးသမီးတွေရဲ့အလိုကျ အသုံးတော်ခံဖို့ လာခေါ်ရင် လိုက်ရသူ၊ Gay တွေ ရဲ့ ဆန္ဒဖြည့်ပေးဖို့ လာခေါ်ရင် လိုက်ရသူနဲ့ Gay အဖြစ်နဲ့ လိင်ဖျော်ဖြေရေး လုပ်ရသူဆိုပြီး ၃ မျိုး ရှိပါသတဲ့။ 
ဆိုလိုတာက ကိုယ့်ခန္ဓာ အသွေးအသားကို ရောင်းစားနေကြတာ အမျိုးသမီးတွေသာ မဟုတ်တော့ဘဲ  ယောက်ျားလေးတွေပါ ရှိနေတာပါပဲ။ 

ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ချင်းမိုင် အမျိုးသား လိင်ဖျော်ဖြေရေး လုပ်သားတွေ မှာ မြန်မာပြည်သားများပြား ဆိုတဲ့သတင်းမှာလည်း ဖော်ပြထားပါတယ်။ 

ချင်းမိုင်တက္ကသိုလ်ထဲက စစ်တမ်းအကြောင်း မှတ်တမ်းတွေကိုလည်း ဧရာဝတီက စုစည်းကောက်နှုတ်
ဖော်ပြပေးလိုက်ပါတယ်။  


အိမ့်သံစဉ် ~



 ဓာတ်ပုံများ- လင်းသန့်/ဧရာဝတီ











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved