မန္တလေးဆေးရုံကြီး ရင်ခွဲရုံ အပေါက်မှ သေဆုံးသူ ရဲအလောင်းကို ထုတ်ယူလာစဉ်
(ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မူခင်းအကူ ရဲတပ်ဖွဲ့ရုံးမှာ ရဲအုပ် ဦးမောင်တင့်ကို ဒုရဲအုပ် သိန်းသန်းစိုးက မနေ့က ညပိုင်း ၁၁ နာရီ က ခြောက်လုံးပြူး သေနတ် နဲ့ ပစ်လိုက်ရာမှာ ဦးခေါင်း နားထင် ထုတ်ချင်း ပေါက်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ တယ် လို့ သိရပါတယ်။
ဘာကြောင့် အခုလို ပစ်သတ်ရတယ်ဆိုတာ စုံးစမ်းနေဆဲဖြစ်ပါတယ်။ ပစ်ခတ်လိုက်သူ ဒုရဲအုပ် သိန်းသန်းစိုး ဟာ အရင်က ယာဉ်ထိန်းရဲ တပ်ဖွဲ့ ဖြစ်ပြီး အကြမ်းဖက် နှိမ်နင်း တိုက်ဖျက်ရေးဘက်ပြောင်းလာပြီး မူခင်း အကူဌာနစိပ်မှာ တာဝန် ထမ်း ဆောင်နေစဉ် အခင်းဖြစ်သွားရတာပါ။
ဒီအကြောင်း အသေးစိပ်ကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ မန်းသားလေး ရေးသားတင်ပြထား တဲ့ မန္တလေးတွင် ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား (http://burma.irrawaddy.org/archives/47464#.UiW-1hoP6Mo.facebook) ဆိုတဲ့ သတင်းမှာ အပြည့်အစုံဖတ်နိုင်ပါပြီ။
0 comments :
Post a Comment