ဘာသာရေး၊ လူမှုရေး ခေါင်းဆောင်တွေနဲ့ ဒဲရစ်မစ်ချဲလ် တွေ့ဆုံ

Thursday, September 5, 2013

အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာတဲ့ ဘာသာ
ရေး၊ လူမှုရေး ခေါင်းဆောင် ၈ ဦးနဲ့ မနေ့က ရန်ကုန်က အမေရိကန် သံရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ 

 အမေရိကားပြန် ဘာသာရေး၊ လူမှုရေး ခေါင်းဆောင်များနဲ့ ဒဲရစ်မစ်ချဲလ် တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ရန်ကုန် အမေရိကန် သံရုံး

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနရဲ့ စပွန်ဆာနဲ့ မြန်မာနိုင်ငံက ဘာသာရေး၊ လူမှုရေး ခေါင်း
ဆောင် ၈ ဦး ကို အမေရိကန်ပြည်ထောင်စုကို သတင်းပတ် ၃ ပတ်ကြာ လေ့လာရေးခရီး ဖိတ်ခေါ်လို့ မကြာခင်က သွားခဲ့သူတွေ ဖြစ်ပါတယ်လို့ ရန်ကုန် အမေရိကန် သံရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။ 

မြန်မာ ဘာသာရေး၊ လူမှုရေး ခေါင်းဆောင် ၈ ဦးတို့ဟာ တိုင်းရင်းသားစုံ လူ့အဖွဲ့အစည်းမှာ မတူကွဲပြား မှုတွေနဲ့ သည်း ခံ ခြင်းတရားတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရှိ ၀ါရှင်တန် ဒီစီ၊ ဘော့စ်တွန်၊ မန်ဆာချူးဆက်၊ နယူးအော် လန်း၊ လူစီယားနား၊ လော့စ်အိန်ဂျလိစ်၊ ကာလီဖိုးနီးယား ဒေသတွေမှာ အမေရိကန် ဘာသာရေးခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ ပညာရှင်တွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်း က လူတွေနဲ့ တွေ့ဆုံလေ့လာခဲ့ကြတာပါ။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved